
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူး မာ့ခ် ရူတေက မဟာမိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာ အကြီးအကျယ် စည်းလုံးညီညွတ်မှုကို ပေါ်ပေါက်စေခဲ့တယ်လို့ ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုကို စပိန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ဖြတ်တောက်ဖို့နဲ့ ဂရင်းလန်းကျွန်းကို တောင်းဆိုတာတွေ ပြန်လုပ်ဖို့ အမိန့်ပေးခြင်း အားဖြင့် စုဝေးမှုကို ဖရိုဖရဲဖြစ်စေခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ ခုလို ပြောလိုက်တာပါ။
“ဒီမဟာမိတ်အဖွဲ့ဟာ အရင်ကထက် ပိုစည်းလုံးညီညွတ်လာတယ်လို့ ကျနော်တို့ ခံစားရပါတယ်” လို့ ရူတေက ထိပ်သီးအစည်းအဝေးအပြီး အန်ကာရာမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တူရကီမြို့တော်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးအပြီးမှာ NATO မဟာမိတ်တွေက အဖွဲ့ရဲ့ လောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်ကို မြှင့်တင်ဖို့ လောင်စာသိုလှောင်မှု အခြေခံ အဆောက်အအုံ အတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံနေတယ်လို့ ရူတေက ပြောပါတယ်။
“ကျနော်တို့ရဲ့ တပ်ဖွဲ့တွေမှာ စစ်ပွဲအတွက် အသင့်ဖြစ်ဖို့လိုတဲ့ စွမ်းအင်အထောက်အပံ့ ရစေဖို့ မဟာမိတ်တွေဟာ NATO ရဲ့ လောင်စာဆီထောက်ပံ့ရေးကွင်းဆက်ကို မြှင့်တင်ဖို့ သမိုင်းဝင် ခြေလှမ်းတရပ်ကို လှမ်းနေပါတယ်” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
Source: Reuters










