စစ်ပွဲပြီးချိန် ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေး ပြောရန်စောလွန်းသေးဟု ဇလန်းစကီး ပြော

စစ်ပွဲပြီးဆုံးချိန်မှာ ယူကရိန်းနိုင်ငံအနေနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ထဲကို ဝင်ရောက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပြောဖို့စောလွန်းသေးတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်၊ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်တွေ ဆွေးနွေးခဲ့တဲ့ သုံးပွင့်ဆိုင်ထိပ်သီး အစည်းအဝေးဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် အလွန် မအောင်မမြင် ဖြစ်ခဲ့တယ်လို့ ယူကရိန်း သမ္မတက နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
၁၉၄၅ ခုနှစ်က ဥရောပရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့တဲ့ ယာလ်တာညီလာခံမျိုးကို ပြန်ဖန်တီးဖို့ ပူတင် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘာလင်မြို့တော်မှာ ကျင်းပတဲ့ “Coalition of the Willing” အစည်းအဝေးမှာ ဒီအကြောင်းအရာကို ဆွေးနွေးခဲ့ပေမဲ့ ယူကရိန်းအနေနဲ့ သူတို့ အကြာကြီး မျှော်လင့်တောင့်တခဲ့တဲ့ နေတိုးမဟာမိတ်အဖွဲ့ထဲ ဝင်နိုင်၊ မဝင်နိုင်ကို လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်ပ်က ဖိတ်မယ်ဆိုရင် အမေရိကန်မှာကျင်းပမဲ့ G20 ထိပ်သီးအစည်းအဝေးကို ယူကရိန်းနိုင်ငံအနေနဲ့ ပါဝင်တက်ရောက်မယ်လို့ ဇလန်းစကီးက ပြောပါတယ်။
Source: Reuters











