မူဒရစ်ခ်၏ စွပ်စွဲချက် အခြေအမြစ်မရှိဟု ရှက်ဗ်ချန်ကို တုံ့ပြန်

တားမြစ်ဆေးစစ်ဆေးမှု ကျရှုံးခဲ့တာဟာ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကြောင့်လို့ ကစားသမား မူဒရစ်ခ်ရဲ့ စွပ်စွဲပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့ အသရေဖျက်မှုသာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ယူကရိန်း ဂန္ထဝင်ကစားသမား အန်ဒရေ ရှက်ဗ်ချန်ကိုက တုံ့ပြန်လိုက်တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
မူဒရစ်ခ်ရဲ့ ကိုယ်စားလှယ်တွေဟာ ဒီကိစ္စအတွက် အဖွဲ့ချုပ်ဝန်ထမ်းတယောက်ကို မမှန်မကန် အပြစ်ဝန်ခံခိုင်းဖို့ အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ပေမဲ့ အဖွဲ့ချုပ်ဘက်က ငြင်းပယ်ခဲ့တယ်လို့ ရှက်ဗ်ချန်ကိုက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အသက် ၂၅ နှစ်အရွယ် တော့တင်ဟမ်တောင်ပံကစားသမား မူဒရစ်ခ် အနေနဲ့ သူ့ရဲ့စွပ်စွဲချက်တွေအတွက် သက်သေမပြနိုင်ရင် လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းပြီး တောင်းပန်ဖို့လည်း ရှက်ဗ်ချန်ကိုက တောင်းဆိုထားပါတယ်။
Source: BBC











