
မြောက်အတ္တလန်တိတ်စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံတွေက အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ အကြီးအကဲ အယ်လ်ဘရစ်ချ် ကော်ဘီ နဲ့အတူ နိုဝင်ဘာ ၁၇ ရက်မှာ ဘရပ်ဆဲလ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
ဥရောပက အမေရိကန်တပ်ဖွဲ့ဝင် အင်အားပမာဏနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပြန်သုံးသပ် နေတဲ့ ကိစ္စရပ်ကို ဆွေးနွေးကြမှာပါ။
ဥရောပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားပမာဏ လျော့လာဖို့ ရှိပေမဲ့ အမေရိကန်ဘက်နဲ့ ဆွေးနွေးခြင်းအားဖြင့် စစ်ရေးစွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အန္တရာယ်ရှိတဲ့ ကွာဟချက်တွေ မဖြစ်အောင် တားဖို့က အလွန်အရေးကြီးတယ်လို့ ပစ္စတိုးရီးယပ်စ်က ဘရပ်ဆဲလ်မြို့မှာ EU ရဲ့ တခြား ကာကွယ်ရေးဝန်ကြီးတွေနဲ့ မတွေ့မီ ပြောပါတယ်။
ဒါ့အပြင် ဂျာမနီနဲ့ နော်ဝေနိုင်ငံတို့ဟာ PURL ယန္တရားကတဆင့် ယူကရိန်းအတွက် အမေရိကန် လက်နက်တွေ ပံ့ပိုးပေးမဲ့ အစီအစဉ်သစ်တခုကို ဦးစီးဆောင်ရွက်သွားမှာဖြစ်ပြီး ဒီအစီအစဉ်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အဓိကထားမယ်လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
Source: Reuters











