
လီယွန်နယ်မက်ဆီက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ပြိုင်ဘက်ကောင်း ဆက်ဆံရေးအပေါ် "လှပတဲ့ အားကစားပြိုင်ဘက်ဖြစ်မှု" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက် ပါတယ်။
ရီးရဲလ်နဲ့ ဘာကာမှာ ကစားခဲ့စဉ်က အသင်းလိုက်ရော တဦးချင်း ဆုတံဆိပ်တွေပါ အားပြိုင်ခဲ့ ကြပေမဲ့ သူတို့အကြား ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိဘဲ အမြဲတမ်း လေးစားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အယ်လ်ကလက်စီကိုပွဲစဉ် မတိုင်ခင်မှာ ဘာစီလိုနာရဲ့ ဆယ်ကျော်သက်ကြယ်ပွင့် လာမိန်းယာမဲလ်ကိုလည်း မက်ဆီက အမြင့်ဆုံး ချီးကျူးစကား ပြောခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် ယာမဲလ်ရဲ့ ကစားပုံက "သူ့ရဲ့ ငယ်ဘဝ" ကို ပြန်သတိရစေပြီး လက်ရှိ လူငယ်မျိုးဆက်တွေထဲမှာ ယာမဲလ်ဟာ အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ မက်ဆီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photo:Reuters










