DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားနယ်စပ် ကျားဖြန့်၌ လုပ်ကိုင်ခဲ့သူ မြန်မာ  ၁၀ ဦးအပါ ၁၆ ဦးကို ထိုင်းစစ်တပ် ဖမ်းမိ 
DVB
·
May 15, 2026
ဓာတ်ပုံ - ဆာကယောက်ခရိုင်ပြန်ကြားရေးဌာန
ဓာတ်ပုံ - ဆာကယောက်ခရိုင်ပြန်ကြားရေးဌာန
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင်၊ အလန်ယပထစ်မြို့နယ်ထဲမှာ တဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့  အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်နေသူ ၁၆ ယောက် ဖမ်းဆီးရမိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသား ၁‌၀ ယောက် ပါဝင်တယ် လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားချက်အရ  ထိုင်းစစ်တပ် ပူရဖားစစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက်စောစော က အလန်ယပထစ်မြို့နယ် ပါလိုက်အုပ်စု နယ်စပ်တလျှောက် စောင့်ကြပ်စစ်ဆေးခဲ့တယ်။ 

မနက် ၅ နာရီခွဲလောက်မှာတော့ ဘန့်ဖူးနမ့်ကလိန့် တောထဲကနေ ထွက်လာတဲ့ လူတစုကို လှမ်းမြင် ရတယ်၊ တာဝန်ရှိသူတွေက လူယောင်ထွက်ပြပြီး စစ်ဆေးရာမှာ ကမ္ဘောဒီးယားဘက်ခြမ်းကနေ ဝင်ရောက်လာသူ ၁၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ ထိုင်းနိုင်ငံသား ၄ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသား ၁၀ ယောက်တို့ဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် အထောက် အထားတစုံတရာမရှိဘူး၊ သူတို့တွေဟာ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်းပက်မြို့ကနေ တောလမ်းမှတဆင့် ခြေလျင်လျှောက်ပြီး ဝင်လာတာလို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံသား ၄ ယောက်က သူတို့ဟာ ပွိုင်းပက်မှာ ဆိုင်ကယ်-ကယ်ရီသမားနဲ့ ဟိုတယ် ဝန်ထမ်းတွေ လုပ်ဖို့ ရောက်သွားတယ်၊  တလ ဝင်ငွေ ဘတ် ၂၀, ၀၀၀ မှ ၅၀, ၀၀၀ ထိ ရတယ်လို့ ဆိုပါတယ်။ ဟိုကို‌ရောက်တော့ UFABET 168 အွန်လိုင်းလောင်းကစားဝိုင်းမှာ Admin လုပ်ဖို့ အတင်းအကျပ်စေခိုင်းခံရကာ အဲဒီမှာ တနှစ်ကြာပြီလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံသား ၁၀ ယောက်ကလည်း ကျားဖြန့်လုပ်ငန်းရှင် တရုတ်နိုင်ငံသားပိုင်တဲ့ဟိုတယ်မှာ လုံခြုံရေးအစောင့်လုပ်ခဲ့တယ်၊ ဒီမတိုင်ခင်ရှေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျားဖြန့်နှိမ်နင်းရေး စီမံချက် လုပ်ပြီး အဖမ်းအဆီးများတော့ သူတို့လည်း အလုပ်ကနေ အနားပေးတာခံလိုက်ရတယ်။ 

နေရင်းနိုင်ငံကို တရားဝင်ပြန်ဖို့ရာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အဝင်ထွက်ဂိတ်တွေ ပိတ်ထားတာ ကြောင့်  ကမ္ဘောဒီးယားလမ်းပြကို ငှါးပြီး ထိုင်းနိုင်ငံကို  တောထဲကနေ ခြေလျင်လျှောက် ဝင် လာခဲ့တယ်။  လမ်းပြခမှာ တယောက်ကို  ဘတ် ၈,၀၀၀ ပေးရတယ်လို့  ဖွင့်ဟဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၁၆ ယောက်လုံးကို လဝကဥပဒေနဲ့အရေးယူဖို့ အလန်ယပထစ် နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကာ နောက်ဆက်တွဲကွင်းဆက်တွေ ဆက်လက်စုံစမ်းအရေးယူ သွားမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

Source: Dailynews 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013