DVB Logo
Home
နိုင်ငံတကာ
ဘောလ်တစ် လေကြောင်းရဲတပ်ဖွဲ့တာဝန်ကို လေကြောင်းကာကွယ်ရေးအဖြစ် အဆင့်မြှင့်
DVB
·
July 9, 2026
Photo: REUTERS/Yves Herman
Photo: REUTERS/Yves Herman
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်တဲ့ ဘောလ်တစ် လေကြောင်းရဲတပ်ဖွဲ့တာဝန်ကို လေကြောင်းကာကွယ်ရေးအဖြစ် အဆင့်မြှင့်တင်ဖို့ သဘောတူခဲ့ပါတယ်။

ဒါ့အပြင် ခြိမ်းခြောက်မှုဖြစ်စေတဲ့ အရာဝတ္ထုတွေကို ဖျက်ဆီးတာ အပါအဝင် လေယာဉ်မှူးတွေကို လုပ်ပိုင်ခွင့်တွေ ပိုကျယ်ကျယ်ပြန့်ပြန့် ပေးအပ်ခဲ့တယ်လို့ လစ်သူယေးနီးယားသမ္မတ ဂီတာနာ့စ် နော်ဆေးဒါက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

ရုရှားနဲ့နီးတဲ့ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယား နိုင်ငံတွေဟာ NATO မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ပြီးပြီးချင်း NATO လေကြောင်းရဲတပ်ဖွဲ့ တာဝန်ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

လေယာဉ်တွေက ဒီ ၃ နိုင်ငံနားမှာ ပျံသန်းနေတဲ့ ရုရှားစစ်ဘက်လေယာဉ်တွေကို ဖော်ထုတ်ပြီး လိုက်ပါ စောင့်ကြည့်ခဲ့ပါတယ်။

အခုနှစ်မှာတော့ လေကြောင်းရဲအဖွဲ့ဟာ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားအပေါ်မှာ ဖြတ်ပျံတဲ့ သံသယရှိတဲ့ ယူကရိန်းဒရုန်းတွေကို ပစ်ချခဲ့ပြီး မဟာမိတ်အဖွဲ့ကို ကာကွယ်ဖို့ လုပ်ငန်းအဖွဲ့က ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့တယ်လို့ NATO က ပြောပါတယ်။

သမ္မတ နော်ဆေးဒါက “လက်ရှိ လေကြောင်းရဲတပ်ဖွဲ့တာဝန်ဟာ ငြိမ်းချမ်းရေးကာလအတွက် ရည်ရွယ်ထားပြီး တိုက်လေယာဉ်တွေက အဖြစ်အပျက်တွေကို လိုက်ပါစောင့်ရှောက်ခြင်းအားဖြင့် ဖြစ်ရပ်တွေကို တုံ့ပြန်ပါတယ်။ ဒီနည်းအားဖြင့် ကျနော်တို့က အဖြစ်အပျက်တွေကို မှတ်သားထားတယ်ဆိုတာ ပြပါတယ်။ ဒါဟာ အတားအဆီးတမျိုးဖြစ်တယ်” လို့ အန်ကာရာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါပေမဲ့ ဒီနေ့ဖြစ်ပျက်နေတာက လုံးဝငြိမ်းချမ်းတဲ့ပတ်ဝန်းကျင် မဟုတ်ပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ရုရှားပိုင်နက် ကလီနင်ဂရက်ကနေ ဖင်လန်ပင်လယ်ကွေ့အထိ၊ ရုရှားနယ်စပ်အထိ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံနဲ့ ကပ်လျက် နိုင်ငံတကာရေပိုင်နက်ပေါ်မှာ ပျံသန်းနေတဲ့ ရုရှားစစ်လေယာဉ်တိုင်းကို ရှာဖို့ ဘောလ်တစ်လေကြောင်း ရဲတပ်ဖွဲ့ ဂျက်လေယာဉ်တွေဟာ အလျင်အမြန် လုပ်ဆောင်နေကြပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းဆီကနေ ခရိုင်းမီးယားကို သိမ်းပိုက်ပြီးတဲ့နောက် ဒီမစ်ရှင်ကို တိုးချဲ့ခဲ့ပြီး ဒေသတွင်းက လေယာဉ်ကွင်း ၂ ခုကနေ ပျံသန်းနေတဲ့ NATO မဟာမိတ် ၃ နိုင်ငံကနေ တိုက်လေယာဉ် တဒါဇင်ကျော် ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားက အရိပ်ရေနံတင်သင်္ဘောတစင်းကို လိုက်ပါစောင့်ရှောက်ဖို့ Su-35 တိုက်လေယာဉ်တစင်း စေလွှတ်လိုက်တဲ့အတွက် အက်စ်တိုးနီးယားက ဖမ်းဆီးဖို့ ကြိုးစားပြီးတဲ့နောက် တုံ့ပြန်တဲ့အနေနဲ့ ဂျက်လေယာဉ်တွေ ပျံတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျက်လေယာဉ်တွေက Su-35 နဲ့ ထိတွေ့မှုတော့ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013