အမေရိကန်စစ်တပ်ဟာ ဇွန် ၃ ရက်က ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာရှိတဲ့ ရေယာဉ်တစင်းကို တိုက်ခိုက်ခဲ့ပြီး လူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီရေယာဉ်ဟာ “မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ လုပ်နေတာ” ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (SOUTHCOM) က X မှာ ပို့စ်တင်ထားပါတယ်။
SOUTHCOM ဟာ တိုက်ခိုက်မှုလို့ ယူဆရတဲ့ ရုပ်သံဖိုင်ကိုလည်း မျှဝေခဲ့ပါတယ်။ အဲဒီရုပ်သံထဲမှာ ရေပြင်ပေါ် မောင်းနှင်နေတဲ့ စက်လှေတစီးကို ဝေဟင်ကနေ အဖြူအမည်းမြင်ကွင်းနဲ့ ပြသထားပြီး၊ ခဏအကြာမှာတော့ အဲဒီစက်လှေ ထိမှန်ပေါက်ကွဲပြီး မီးဟုန်းဟုန်းတောက်သွားတာကို မြင်တွေ့ရပါတယ်။
ထရမ့်ပ် အစိုးရလက်ထက်မှာ အမေရိကန်စစ်တပ်ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို ပစ်မှတ်ထားပြီး ဒီလိုမျိုး စစ်ဆင်ရေးပေါင်းများစွာကို လုပ်ဆောင်ခဲ့ပါတယ်။
Source: Reuters










