မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုအတွင်း အမေရိကန်စစ်တပ်က ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ လောင်စာဆီ ဖြည့်တင်းပေးနေတဲ့ သင်္ဘောတစင်းကို ဝင်စီးနင်းခဲ့ပြီးနောက် နှစ်မြှုပ် ဖျက်ဆီးခဲ့တယ်လို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က စက်တင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သင်္ဘောကို မဖျက်ဆီးမီ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေက သင်္ဘောဆီ ချဉ်းကပ်သွားရောက်ပြီး ဝင်ရောက်စီးနင်းခဲ့ပုံကို စစ်တပ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။
ဒီရေယာဉ်ဟာ အီကွေဒေါနိုင်ငံထဲက လော့စ် ချိုနီရို့စ် မူးယစ်ဆေးဝါးမှောင်ခိုကုန်သည်အဖွဲ့နဲ့ ဆက်စပ်မှုရှိတာကို ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ သိရပြီး ရေယာဉ်ပေါ်ကနေ ခေါ်လာသူတွေကို အီကွေဒေါ အာဏာပိုင်တွေဆီ လွှဲပေးခဲ့တယ်လို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
Source: Reuters











