
အမေရိကန်စစ်တပ် တောင်ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ်က ကာရစ်ဘီယံပင်လယ်ထဲမှာ မူးယစ်ကုန်ကူးမှုလမ်းကြောင်းတွေတလျှောက် လှည့်ပတ်သွားလာနေတဲ့ ရေယာဉ်တစင်းကို ပစ်ခတ်ခဲ့တယ်လို့ ပြောထားတဲ့ ရုပ်သံကို အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ထောက်လှမ်းရေးက အတည်ပြုထားတဲ့ အမြန်လှေတစင်းလို့ ဖော်ပြထားတဲ့ ရေယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
မူးယစ်ကုန်သည် အကြမ်းဖက်သမားတွေလို့ ဖော်ထုတ်ထားတဲ့ လူ ၄ ယောက်လည်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ် တောင်ပိုင်းစစ်တိုင်းက ပြောပါတယ်။
လူ့အခွင့်အရေးအုပ်စုတွေနဲ့ ကုလသမဂ္ဂပညာရှင်တွေက ဒီတိုက်ခိုက်မှုတွေရဲ့ တရားဥပဒေနဲ့ ညီညွတ်မှုကို မေးခွန်းထုတ်ရင်း ဝေဖန်နေတဲ့ကြားက နောက်ဆုံး စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










