ကမ္ဘာ့ဖလားကွင်း ယာယီမြက်ခင်းသစ်ကြောင့် ကစားသမားများ ဒဏ်ရာရနိုင်
DVB
·
June 11, 2026
၂၀၂၆ ကမ္ဘာ့ဖလားကျင်းပမဲ့ အမေရိကန်ဘောလုံးကွင်းအများစုဟာ မြက်ခင်းတုတွေဖြစ်လို့ အခုပွဲအတွက် သဘာဝမြက်ခင်းတွေ ယာယီလဲလှယ်ထားရပါတယ်။
ဒီလို အလျင်စလိုခင်းထားတဲ့ မြက်ခင်းသစ်တွေကြောင့် ကွင်းမျက်နှာပြင်မညီဘဲ ကစားသမားတွေ ခြေဆစ်၊ ဒူးဆစ် ဒဏ်ရာရမှာကို ပညာရှင်တွေ စိုးရိမ်နေကြတာပါ။
ဒါပေမဲ့ ဖီဖာ (FIFA) ဆေးဘက်ဆိုင်ရာ ဒါရိုက်တာကတော့ မြက်ခင်းတုထက်စာရင် သဘာဝမြက်ခင်းက ကစားသမားတွေအတွက် ပိုဘေးကင်းတယ်လို့ ဆိုပါတယ်။
ဆရာဝန်တွေကတော့ ဒဏ်ရာအန္တရာယ် လျော့နည်းဖို့ ပွဲမစခင် ကွင်းထဲမှာ ကြိုတင်လေ့ကျင့်ခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။











