DVB Logo
Home
မြန်မာသတင်း
မောတောင်-ထုံခါး လမ်းပိုင်းတွင် ကုန်ကားများ မသွားလာရန် သတိပေးထုတ်ပြန်
DVB
·
July 11, 2026
Photo : BLACK COBRA COLUMN
Photo : BLACK COBRA COLUMN
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၄) လက်အောက်ခံ အမှတ် (၁၁) တပ်ရင်းနယ်မြေဖြစ်တဲ့ တနင်္သာရီမြို့နယ်အတွင်းက မောတောင်မြို့မှာ ‌တော်လှန်ရေးရဲ‌‌‌ဘော်‌တွေ အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်‌‌‌နေပြီဖြစ်လို့ ဒေသတွင်း ပြည်သူတွေအ‌နေနဲ့ ဘေးကင်းလုံခြုံ‌ရေး အတွက် လိုက်နာရမဲ့အချက်‌တွေကို ‌‌BLACK COBRA COLUMN က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မောတောင်မြို့အဝင် (နကသဂိတ်) ကနေ အမှတ် (၉) ကျေးရွာအထိ ကုန်ကားတွေ ဖြတ်သန်းသွား လာခွင့် မပြုကြောင်း၊ ဒေသခံပြည်သူတွေအနေနဲ့ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေနဲ့သာ သွားလာ ကြဖို့ ထုတ်ပြန်ချက်မှာ သတိထားပါတယ်။

ဒါ့အပြင် ထုံခါးလမ်းဆုံကနေ အမှတ် (၉) ကျေးရွာအထိ လမ်းပိုင်းကို ဖြတ်သန်း သွားလာ ခွင့်မပြုတဲ့ အထူးတားမြစ်ဇုန်အဖြစ်လည်း သတ်မှတ်လိုက်ပါတယ်။

အခုလို တားမြစ်ထားတဲ့ဒေသအတွင်း ဖြတ်သန်းသွားလာရင် စစ်ရေးပစ်မှတ်နဲ့ မှားယွင်း ထိခိုက်နိုင်တဲ့အပြင် စစ်တပ်နဲ့ ပတ်သက်တဲ့ လူ၊ လက်နက်၊ ခဲယမ်းနဲ့ တခြားပစ္စည်းတွေ တင်ဆောင်လာတဲ့ ဘယ်ယာဉ်မျိုးကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ချေမှုန်းသွားမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်ဖွဲ့တွေကို သတင်းပေးတာ၊ ကူညီဆောင်ရွက်ပေးတာနဲ့ ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာရင် ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူတာ၊ ဖမ်းဆီး သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ လုံခြုံရေးအရ သတိပေးတားမြစ်ချက်တွေကို လိုက်နာပေးကြဖို့ ‌‌BLACK COBRA COLUMN က တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013