DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ် ရှမ်းထူးရွာကို စစ်တပ် မီးရှို့၊ အိမ် ၁၅၀ ကျော် ပျက်စီး
DVB
·
March 24, 2026
ချောင်းဦးမြို့နယ် ရှမ်းထူးရွာကို စစ်တပ် မီးရှို့၊ အိမ် ၁၅၀ ကျော် ပျက်စီး
1 / 7
Photo : ဒေသခံ
Donate to DVB

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းထူးရွာကို မီးရှို့တာကြောင့် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ဆီက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဟာ မတ် ၂၀ ရက်က ကင်မွန်းတော် ပျူစောထီးစခန်းကို ရိက္ခာပို့ဖို့ ထွက်လာချိန် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရှမ်းထူးရွာကို စစ်ကောင်စီတပ်က ဝင်မီးရှို့တာလို့ ဆိုပါတယ်။

BLDF တာဝန်ရှိသူတယောက်က “နေအိမ် ခန့်မှန်းခြေ ၁၅၀ ကျော် မီးလောင်ပျက်စီးသွားပါတယ်။ အရပ်သား ဖမ်းဆီးခံရတာ မရှိပါဘူး။ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ် ချောင်းဦးမြို့ထဲကို ပြန်ဝင်သွားပါပြီ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ယူတာ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးလို့ တော်လှန်ရေးတပ်တွေက မတ် ၂၂ ရက်မှာ ကျေးရွာအတွင်းကို ဝင်ရောက် ရှင်းလင်းတာ မှာ စစ်ကောင်စီတပ်သား တယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးသူရှိပြီး ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားကိုတော့ ချောင်းဦးမြို့နယ်ပကဖအဖွဲ့ဆီကို လွှဲပြောင်းအပ်နှံထားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ စစ်ဒေသ ၃၊ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ ချောင်းဦးမြို့နယ်ပကဖ (CHU PDF)၊ နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့နဲ့ Special Force 11 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို ဂရုစိုက်ကြဖို့လည်း တော်လှန်ရေးတပ်တွေ က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013