DVB Logo
Home
နိုင်ငံတကာ
ပိုကြီးမားသည့် တိုက်ခိုက်မှုများ လာမည်ဟု အီရန်ကို ထရမ့်ပ် သတိပေး
DVB
·
July 24, 2026
Photo: REUTERS/Evelyn Hockstein
Photo: REUTERS/Evelyn Hockstein
Donate to DVB

အီရန်ကို အရင်ကတိုက်ခိုက်ခဲ့တာထက် ပိုကြီးမားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးပြောပါတယ်။

အမေရိကန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်က Epic Fury ဆိုတဲ့ စစ်ဆင်ရေးနဲ့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လာမဲ့တိုက်ခိုက်မှုက အဲဒီတိုက်ခိုက်မှုထက် ပိုကြီးမယ်လို့ ထရမ့်ပ်က ပြောခဲ့တဲ့အကြောင်း Axios က ဖော်ပြပါတယ်။

ထရမ့်ပ်က “ကြီးမားတဲ့ တိုက်ခိုက်မှုလုပ်ဖို့ ကျနော် စဉ်းစားနေပါတယ်။ ဒီစစ်ဆင်ရေးက အရင်ကထက် ပိုကြီးမှာပါ။ ကျနော်ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့လည်း နီးနေပါပြီ။ ဒီစစ်ဆင်ရေးအသစ်အတွက် ကျနော်တို့ ပြင်နေပါတယ်။ အီရန်က လုံလောက်တဲ့ နာကျင်မှုမျိုး မရသေးပါဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ဆင်ရေးအသစ်မှာ အစ္စရေးပါမလား ဆိုတာနဲ့ ပတ်သက်ပြီးလည်း အစ္စရေးကို ခေါ်မယ်ဆိုရင် ၂ မိနစ်အတွင်း သူတို့ အမေရိကန်နဲ့ ပူးပေါင်းမှာပါလို့လည်း ထရမ့်ပ်က ထပ်မံပြောပါတယ်။

သတင်းဖော်ပြချက်အရ ဘယ်တော့တိုက်ခိုက်မလဲဆိုတဲ့ အချိန်ကိုတော့ ထရမ့်ပ်က ပြောဆိုခဲ့တာမျိုး မတွေ့ရပါဘူး။

အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးကိုမဆို တုံ့ပြန်တိုက်ခိုက်သွားဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ပင်လယ်နီမှာ တိုက်ခိုက်မှုတွေအတွက် အီရန်နဲ့ ဟူသီတို့ကို အပြစ်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကတိပြုထားကြောင်း ရိုက်တာက ဖော်ပြပါတယ်။

ယီမင်တွေဟာ ပင်လယ်နီထဲမှာ ဆော်ဒီနိုင်ငံရဲ့ ဆီတင်သင်္ဘော ၂ စင်းကို တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲတွေ ပိုပြီး အချိန်ကြာလာမှာ ဖြစ်ပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့ ညတွေမှာလည်း ဟော်မုဇ်ရေလက်ကြားရှိ ကဲရှန်ကျွန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်မီဒီယာက ဖော်ပြပါတယ်။

အီရန်-အမေရိကန်စစ်ပွဲဟာ ၅ လအတွင်းကို ရောက်နေပြီး လူသေဆုံးမှု ထောင်နဲ့ချီရှိလာကာ ဒီစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို အားပေးနေတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က အီရန်ကို ၁၃ ရက်ဆက်တိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကြေညာထားပါတယ်။

စစ်ပွဲကြောင့် ဇွန် ၂၇ ရက်ကတည်းက သေဆုံးသူ ၅၅ ယောက်ရှိပြီး ဒဏ်ရာရသူ ၆၂၉ ယောက် ရှိတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013