DVB Logo
Home
နိုင်ငံတကာ
ကျူးဘားတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အရပ်ဘက်-စစ်ဘက် ပူးပေါင်းလေ့ကျင့် 
DVB
·
March 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကျူးဘားနိုင်ငံမှာ စီးပွားရေး အကျပ်အတည်းတွေ အကြီးအကျယ် ရင်ဆိုင်နေရချိန်မှာ မတ် ၂၇ ရက်က ဟားဗားနားမြို့မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် အရပ်ဘက်-စစ်ဘက် ပူးပေါင်းပြင်ဆင်တဲ့ 'ကာကွယ်ရေးနေ့' လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။

ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ်လ်ကလည်း စစ်ဝတ်စုံ အပြည့်အစုံနဲ့ လေ့ကျင့်ရေး ကွင်းတွေကို ရောက်ရှိလာခဲ့ပြီး  ကာကွယ်ရေးအစီအမံတွေကို တိုက်ရိုက်ကြီးကြပ် ကွပ်ကဲခဲ့ပါတယ်။

ဟားဗားနားမြို့တော်ရှိ အားကစားကွင်းတခုအတွင်းမှာ ပြုလုပ်နေတဲ့ ဒီလေ့ကျင့်ခန်းတွေမှာ ကျောင်းသားတွေနဲ့ စစ်တပ်တွေ စုပေါင်းပါဝင်ပြီး သေနတ်တပ်ဆင်နည်း၊ ဓာတ်ငွေ့မျက်နှာဖုံး အသုံးပြုနည်းနဲ့ တခြားကာကွယ်ရေး နည်းဗျူဟာတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

သမ္မတဒီယက်ဇ်ကာနယ်လ်ကတော့ ဒါဟာ ရန်လိုတဲ့သဘော မဟုတ်ဘဲ အမေရိကန်ရဲ့ ကျူးကျော်မှု ဖြစ်လာနိုင်ခြေအတွက် တနိုင်ငံလုံးပါဝင်တဲ့ လူတိုင်းရဲ့ ကာကွယ်ရေးအစီအစဉ်ကို ပြင်ဆင်တာလို့ နိုင်ငံတကာတက်ကြွလှုပ်ရှားသူတွေကိုသူက ပြောကြားခဲ့ပါတယ်။

ဒီလေ့ကျင့်ခန်းတွေဟာ နိုင်ငံရဲ့အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကာလနဲ့ တိုက်ဆိုင်နေပြီးတော့ လက်ရှိမှာ ကျူးဘားနိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရကာ လျှပ်စစ်မီးတွေ ကာလကြာရှည်ပြတ်တောက်တာနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။

မြို့နယ် ကာကွယ်ရေးကောင်စီ ဥက္ကဋ္ဌ မေကဲလ် ပီရက်ဇ်ဗယ်ဒက်စ်က “အာဏာပိုင်တွေဟာ အစားအစာထုတ်လုပ်ရေးကို ဦးစားပေးနေပြီး မြို့တွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ပြန်လည်တည်ဆောက်တာ၊ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့မြေတွေကို အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကတွေဆီ ခွဲဝေပေးတာတွေ လုပ်နေတယ်”လို့ ပြောပါတယ်။

ပြင်ဆင်မှု ပထမအဆင့်ကို ပြီးဆုံးသွားပြီလို့ ဟာဗာနားအရှေ့ပိုင်းက အန်တိုနီယို ဂူတီယေရက် ကာကွယ်ရေးဇုန်တာဝန်ခံ အာမော်ရီဂိုမက်ဇ်က ပြောပါတယ်။

နောက်တဆင့်အနေနဲ့ ခေါင်းဆောင်အဖွဲ့တွေဟာ မကြာခင်လာမဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ အတွက် ဒီနေ့ ပြန်လည်သုံးသပ်မှုက ရရှိတဲ့ အကြံပြုချက်တွေကို ထည့်သွင်းပြီး အစီအစဉ်တွေကို ပိုပြီးတိုးတက်အောင်ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013