အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။
အီရန်နဲ့ ဆွေးနွေးပွဲတွေက စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက် မရခဲ့တာကြောင့် ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို အန္တရာယ်ဖြစ်စေပြီးတဲ့နောက် အန္တရာယ်တွေ မြင့်တက်လာခဲ့ပါတယ်။
ထရမ့်ပ်က “ကောင်းပြီ၊ ကျနော်တို့ ပိတ်ဆို့တော့မှာပါ။ အချိန်နည်းနည်းကြာလိမ့်မယ်၊ ဒါပေမဲ့ မကြာခင်မှာ အကျိုးသက်ရောက်မှုရှိလိမ့်မယ်”လို့ Fox News သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ပြောပါတယ်။
ထရမ့်ပ်က “ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်မှာ သီတင်းပတ်ကုန်ရက်က ဆွေးနွေးပွဲတွေအပြီး အီရန်တွေက ညှိနှိုင်းရေးစားပွဲဆီ ပြန်လာပြီး ကျနော်တို့ လိုချင်တာ အားလုံးပေးလိမ့်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။
အီရန်ယဉ်ကျေးမှုအသိုက်အဝန်းအားလုံးကို ဖျက်ဆီးပစ်မယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က သူ ပြောခဲ့တဲ့ မှတ်ချက်က အီရန်နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့လည်း ထရမ့်ပ်က ထပ်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးနဲ့စခဲ့တဲ့ စစ်ပွဲကို ထောက်ခံဖို့ ပျက်ကွက်မှုအတွက် ဝေဖန်ခဲ့တဲ့ နေတိုးမဟာမိတ်တွေဟာ ရေလက်ကြားက စစ်ဆင်ရေးမှာ ကူညီချင်နေတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
Source: Reuters










