DVB Logo
Home
နိုင်ငံတကာ
သမ္မတထရမ့်ပ် လမ်းကြောင်းပြောင်းရန် ရီပတ်ဘလစ်ကန်များ တောင်းဆို
DVB
·
November 5, 2026
Photo: Tom Brenner/Pool via REUTERS
Photo: Tom Brenner/Pool via REUTERS
Donate to DVB

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို မူဝါဒလမ်းကြောင်းပြောင်းဖို့ သူ့ပါတီတွင်းမှာ ဖိအားပေး တောင်းဆိုလာကြပါတယ်။

နိုဝင်ဘာ ၅ ရက် မြန်မာစံတော်ချိန် မနက်ပိုင်းအထိ ရရှိထားတဲ့ စာရင်းအရ အောက်လွှတ်တော် ၄၃၅ နေရာမှာ ဒီမိုကရက်တွေက ၂၄၂ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၁၅၄ နေရာ အနိုင်ရထားပြီး ၃၉ နေရာ မဆုံးဖြတ်ရသေးပါဘူး။

အထက်လွှတ်တော်မှာတော့ ဒီတကြိမ် ရွေးကောက်ခဲ့တဲ့ ၃၅ နေရာရဲ့ ရလဒ်နဲ့ သက်တမ်းကျန်ရှိနေဆဲ နေရာတွေကို ပေါင်းတွက်ရင် ဒီမိုကရက်တွေနဲ့ သူတို့ဘက်ကရပ်တည်တဲ့ တသီးပုဂ္ဂလတွေက ၅၄ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၄၄ နေရာ ရရှိထားပါတယ်။ ၂ နေရာက အဖြေမထွက်သေးပါဘူး။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ပြည်နယ် ၃၆ ခုမှာ ကျင်းပခဲ့ပြီး သက်တမ်းကျန်ရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေပါ ပေါင်းတွက်ရင် ဒီမိုကရက် ၂၈ ယောက်နဲ့ ရီပတ်ဘလစ်ကန် အယောက် ၂၀ ရှိနေပါတယ်။ ၂ နေရာ ရလဒ်မထွက်သေးပါဘူး။

ဒီလို ရှုံးနိမ့်မှုတွေအပြီးမှာ ရီပတ်ဘလစ်ကန် မဟာဗျူဟာပညာရှင်တွေနဲ့ ထရမ့်ပ်ရဲ့ မဟာမိတ်တွေက အိမ်ဖြူတော်အင်အားစု ပြန်လည်ဖွဲ့စည်းဖို့၊ အီရန်စစ်ပွဲနဲ့ သွင်းကုန်အခွန်မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုနေကြပါတယ်။

ဝါရင့် ရီပတ်ဘလစ်ကန် မဟာဗျူဟာပညာရှင် ဂျွန် ဖီဟီရီက ရွေးကောက်ပွဲရလဒ်ဟာ ထရမ့်ပ်အတွက် “အကြီးအကျယ် ကပ်ဘေးတခု” ဖြစ်ပြီး အိမ်ဖြူတော်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်မီ ခြောက်ပတ်ကတည်းက ရီပတ်ဘလစ်ကန်တွေ လွှတ်တော်နှစ်ရပ်စလုံးမှာ ရှုံးနိမ့်နိုင်တယ်လို့ အိမ်ဖြူတော်တွင်း စစ်တမ်းတွေက သတိပေးခဲ့ပေမဲ့ ထရမ့်ပ်က အီရန်အပေါ် မူဝါဒ မပြောင်းခဲ့ဘူးလို့ အကြီးတန်းအရာရှိတယောက်က ရိုက်တာကို ပြောပါတယ်။

အိမ်ဖြူတော်မှာ ဝန်ထမ်းအပြောင်းအလဲတွေနဲ့ ဝန်ကြီးအဖွဲ့ ပြင်ဆင်မှုတွေ ရှိလာနိုင်သလို ဒီမိုကရက်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အတွက်လည်း ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တွေ လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်တော့မှာဖြစ်လို့ ထရမ့်ပ်အစိုးရရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို တားဆီးနိုင်သလို အစိုးရရဲ့ လုပ်ဆောင်မှုတွေကိုလည်း စုံစမ်းစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်မှုဟာ သူ့အပေါ် ပြည်သူတွေရဲ့ ဆန့်ကျင်မှုလို့ မမြင်ကြောင်း ပြောထားပြီး မူဝါဒလမ်းကြောင်း ပြောင်းမဲ့လက္ခဏာလည်း မပြသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013