
အီရန်နိုင်ငံဟာ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ကာကွယ်ရေးအစီအစဉ်တွေ ရေးဆွဲထားတယ်လို့ အစ္စလမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က စနေနေ့မှာ ပြောပါတယ်။
အဲ့ဒီအထဲမှာ မြေပြင်တိုက်ပွဲတွေအပါအဝင် စစ်ရေးနည်းဗျူဟာတွေ၊ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့နဲ့ စီမံခန့်ခွဲမှုလို အရေးကြီးတဲ့အစီအစဉ်တွေ ပါတယ်လို့ ဆိုပါတယ်။
အဲဒီကြေညာချက်မှာ IRGC က အီရန်ကာကွယ်ရေးအဖွဲ့တွေကို ရှေ့တန်းတွေနဲ့ စုံစမ်းရေးစနစ်တွေအားလုံး ပြင်ဆင်မှုတွေ အပြည့်အဝလုပ်ဆောင်ဖို့ ပါဝင်ပါတယ်။
အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေဟာ အခုစစ်ပွဲမှာ ကြီးမားတဲ့ ဖျက်ဆီးမှုတွေနဲ့ ထိုးနှက်ခံခဲ့ရတယ်လို့ IRGC က ပြောကာ အဲဒီဒေသတွေကနေ အမေရိကန်တပ်တွေ ဆုတ်ခွာရမယ်လို့လည်း ဆိုပါတယ်။
IRGC ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းသိမ်းဖို့ ဖိအားပေးဆောင်ရွက်နေပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို ဒေသတွင်းမှာ တားဆီးမှုတွေလုပ်ဖို့က မဟာဗျူဟာမြောက် ဦးစားပေးတခုပဲ ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ အီရန်စစ်ရုံးက အမေရိကန်တပ်တွေ ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်၊ ဓားပြတိုက်မှုတွေ၊ ပင်လယ်ဓားပြမှုတွေကို ဒေသတွင်းမှာ ဆက်လုပ်နေမယ်ဆိုရင် အီရန် လက်နက်ကိုင်တပ်တွေက ကြီးမားတဲ့ တုံ့ပြန်မှုတွေလုပ်မယ်လို့ သတိပေးထားပါတယ်။
အီရန် စစ်တပ်က ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ဟော်မုဇ်ကို ဆက်ပြီး စီမံထိန်းသိမ်းမယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။
အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်သယံဇာတတွေကို အရင်ကထက် ပိုသန်မာတဲ့ ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတယ်လို့ အီရန်စစ်တပ်က ပြောထားပါတယ်။
ရန်သူဟာ စစ်ပွဲနွံထဲကနေ သိက္ခာရှိရှိ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့လည်း အီရန် ကာကွယ်ရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရန်သူဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ စစ်တပ်စွမ်းအင်တွေကို ဖျက်ဆီးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ကြောင်းနဲ့ ဟော်မုဇ်ရေလက်ကြားဟာ အီရန်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်လို့ ထပ်မံပြောဆိုထားပါတယ်။
Source: Reuters










