DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် နေအိမ်မီးလောင်မှု သက်ကြီးထိုင်းလင်မယားနှင့် ကြောင်အကောင် ၃၀ ခန့် သေဆုံး
DVB
·
July 20, 2026
Photo: Thai PBS
Photo: Thai PBS
Donate to DVB

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က ခလောင်ဆန်ခရိုင်၊ ဆမ်ရေးရပ်ကွက်ရှိ ၃ ထပ်တိုက် နေအိမ်တအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် သက်ကြီး လင်မယားနဲ့ ကြောင်အကောင် ၃၀ နီးပါး သေဆုံးသွားတဲ့အကြောင်း Thai PBS သတင်းမှာ ဇူလိုင် ၁၈ ရက်က ဖော်ပြပါတယ်။ 

ဒီမီးလောင်မှုမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ အသက် ၂ လသားအရွယ် ကလေးငယ်တယောက်နဲ့ အိပ်ရာထဲ လဲနေတဲ့ သက်ကြီးအမျိုးသမီးတယောက်ကိုတော့ အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းရရှိတာနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ထပ်ဆင် ၁၁ လမ်းကြားထဲက မီးလောင်နေတဲ့ ၃ ထပ်တိုက်ဆီ ချက်ချင်း သွားရောက်ခဲ့ကြပြီး မီးညွန့်ကို အချိန် ၁၅ မိနစ်လောက်အတွင်းမှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မီးငြှိမ်းသတ်နေချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ အိမ်ရဲ့ အောက်ထပ်တံခါးကို ရိုက်ခွဲဝင်ရောက်ကာ အသက် ၂ လအရွယ် ကလေးငယ်နဲ့ အိပ်ရာထဲ လဲနေတဲ့ သက်ကြီးရွယ်အို အမျိုးသမီးကို ဘေးကင်းရာဆီ ကယ်ထုတ်နိုင်ခဲ့ကြပေမဲ့ မီးတောက်မီးလျှံတွေ ပြင်းထန်လွန်းတာကြောင့် ဒုတိယထပ်နဲ့ တတိယထပ်ကိုတော့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မီးငြှိမ်းသတ်ပြီးနောက် အဆောက်အအုံရဲ့ ဒုတိယထပ်မှာ အသက် ၆၅ နှစ်နဲ့ ၅၅ နှစ်အရွယ် ဇနီးမောင်နှံ ရုပ်အလောင်း ၂ ခုကို တွေ့ရှိခဲ့ရပြီး သူတို့ဟာ မီးခိုးမွှန်ပြီး သေဆုံးခဲ့တာလို့ ယူဆရပါတယ်။

ဒါ့အပြင် ဒုတိယထပ်က ကြောင်လှောင်အိမ်ကြီးတခုအတွင်းမှာ သေဆုံးနေတဲ့ ကြောင်အကောင် ၃၀ နီးပါးကိုလည်း တွေ့ရှိခဲ့ရသလို တခြားကြောင် ၁၇ ကောင်ကိုတော့ မီးခိုးမွှန်းနေတဲ့ ဒဏ်ရာတွေနဲ့အတူ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထွန်ဘူရီခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ပြောကြားရာမှာ အသက်ရှင်ကျန်ရစ်တဲ့ ကြောင်တွေကို စောင့်ရှောက်ပေးနိုင်ဖို့အတွက် ခရိုင်တာဝန်ရှိသူတွေက တိရစ္ဆာန်အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မှုခင်းဆေးပညာ အရာရှိတွေဟာ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်နိုင်ဖို့ မီးလောင်မှုဖြစ်ပွားရာ အခင်းဖြစ်နေရာကို အသေးစိတ် စစ်ဆေးနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013