DVB Logo
Home
Lead Story
ဘယ်လ်ဂျီယံက ဆီနီဂေါကို နိုင်ပြီး နောက်တဆင့်တက်
DVB
·
July 2, 2026
ဘယ်လ်ဂျီယံက ဆီနီဂေါကို နိုင်ပြီး နောက်တဆင့်တက်
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက  ဆီနီဂေါအသင်းကို  (၃-၂) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

ဆီနီဂေါအသင်းကတော့  ပွဲပြီးဖို့ ၅ မိနစ်အလိုအထိ ၂ ဂိုးအသာနဲ့ ဦးဆောင်နေရာကနေ ဂိုးတွေပြန်ပေးလိုက်ရပြီး အရှုံးပေးလိုက်ရကာ ပြိုင်ပွဲကနေ ထွက်သွားရပြီဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊  ဆီရယ်တဲလ်မြို့ အားကစားကွင်းမှာ ဇူလိုင် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်း ပွဲစပြီး ၂၅ မိနစ်မှာ ဒီယာရာက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဆီနီဂေါအသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက် ဒုတိယပိုင်း ၅၁ မိနစ်မှာ အီစမာအီလာဆားက လှပတဲ့ ကန်ချက်နဲ့ ဆီနီဂေါအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့လို့ ဒုတိယပိုင်းပွဲပြီးခါနီးအထိ ဆီနီဂေါအသင်းက  အနိုင်ရဖို့ နီးစပ်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ (၂-၀) ဂိုးနဲ့ အရေးနိမ့်နေချိန်မှာပဲ ကီဗင်ဒီဘရိုင်းနားနဲ့ ဂျေရမီဒိုကူတို့ လူစားလဲခံခဲ့ရကာ လူစားဝင်လာတဲ့ လူကာကူက ပွဲပြီးခါနီး  ၈၆ မိနစ်မှာ ဘယ်လ်ဂျီယံအတွက်  ချေပဂိုးတဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

ဒီနောက် ၃ မိနစ်အကြာ ပွဲချိန် ၈၉ မိနစ်မှာ တီလမန်းစ်က ဘယ်လ်ဂျီယံ အသင်းအတွက် ဒုတိယချေပဂိုးသွင်းယူကာ ပွဲကို သရေဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် အချိန်ပို ဆက်ကစားကြရာမှာ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဘယ်လ်ဂျီယံအသင်း ပင်နယ်တီရပြီး တီလမန်းစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ဘယ်လ်ဂျီယံတို့ (၃-၂)ဂိုးနဲ့  အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။

ပယ်နယ်တီပေးဖို့ ကွင်းလယ်ဒိုင်ကလည်း VAR စခရင်ကို ကြည့်ဖို့ အချိန်အကြာကြီး ယူကာ ပင်နယ်တီအဖြစ်ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒီပွဲအနိုင်ရသွားလို့ ဘယ်လ်ဂျီယံအသင်းဟာ  နောက်တဆင့် ၁၆ သင်းရှုံးထွက် အဆင့်မှာ ပူးတွဲအိမ်ရှင် အမေရိကန်နဲ့ ဘော့စနီးယားတို့ ပွဲစဉ်ကနေ နိုင်မဲ့အသင်းနဲ့   ဇူလိုင် ၇ ရက်  နေ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source: SkySports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013