
ဝုဖ်နဲ့ နော့တင်ဟမ်ဖောရက်စ် တိုက်စစ်မှူးဟောင်း ရာဖာမီယာဟာ အကြမ်းဖက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံဖို့ စပိန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိတဲ့ စပိန်တိုက်စစ်မှူးဟာ လက်ရှိမှာ ဆဗီလာအသင်းကနေ အယ်လ်ချီ အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။
ဒီအမှုဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ရာဖာမီယာရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရာဖာမီယာကတော့ သူဟာ အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး အယူခံဝင်ဖို ပြင်ဆင်နေတာကြောင့် ထောင်ထဲကို ချက်ချင်းဝင်ရဦးမှာ မဟုတ်ပါဘူး။
သူဟာ အရင်က အသင်းဖော်တွေကို ပါတီပွဲနောက်ကျတဲ့အထိ ဆင်နွှခဲ့မှုအတွက် တောင်းပန် ခဲ့ဖူးပါတယ်။
Photo:Reuters










