DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ပုဂံညောင်ဦးတွင် Local PDF များ ပူးပေါင်းပြီး တပ်ပေါင်းစုဖွဲ့စည်း
DVB
·
March 22, 2026
Photo : 21 Bagan People Defense Force နဲ့ Garuda Secret Force
Photo : 21 Bagan People Defense Force နဲ့ Garuda Secret Force
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ Local PDF တွေ ပူးပေါင်းပြီး ပုဂံညောင်ဦး Local တပ်ပေါင်းစုအဖြစ် မတ် ၁၉ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြတယ်လို့ သိရပါတယ်။

ပုဂံညောင်ဦး Local တပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပုဂံ ညောင်ဦးမြို့နယ်ထဲက Local PDF တပ်ဖွဲ့တွေဖြစ်တဲ့ 21 Bagan People Defense Force၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT)၊ Garuda Secret Force (ပုဂံ/ဂဠုန်တပ်) နဲ့ Tiger Warrior Force တို့ ၄ ဖွဲ့က စစ်ရေဖော်ဆောင်တာတွေ အတူဆောင်ရွက်နိုင်ဖို့ ပူးပေါင်းပြီး ပုဂံညောင်ဦး Local တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုပူးပေါင်းဖွဲ့စည်းလိုက်ကြတဲ့ ပုဂံညောင်ဦး Local တပ်ပေါင်းစုဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ စစ်ရေးဖော်ဆောင်သွားကြမှာဖြစ်တယ်လို့ လို့ 21 Bagan People Defense Force ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုလို ကျနော်တို့ Local PDF အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလိုက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ပုဂံညောင်ဦးဒေသမှာ သူတို့ဘက်က လက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေကို အရင်ကထက် အင်အားကောင်းကောင်း စည်းစည်းလုံးလုံးပေါင်းစုပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့နဲ့ စစ်တပ်ထိန်းချုပ်နယ်မြေတွေကို ထိန်းချုပ်ရယူနိုင်ဖို့ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီတပ်ဟာ ပုဂံညောင်ဦးဒေသထဲကို မြေပြင်စစ်ကြောင်းထိုးတာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို အတင်းအဓမ္မ လုယူတာတွေအပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကစလို့ အင်အား ၅၀၀ လောက်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းမှာရှိတဲ့ ကူတောကျေးရွာထဲကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြလို့ လူနေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ရသလို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ကူတောကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013