DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့် ဝက်လက်က Local PDF အယောက် ၃၀ ကျော် စစ်တပ်နှင့်ပူးပေါင်း
DVB
·
September 26, 2026
Photo : စစ်တပ်ထောက်ခံသူ Page
Photo : စစ်တပ်ထောက်ခံသူ Page
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ် ပကဖတာဝန်ခံရဲ့ ညာလက်ရုံး မီးတောက် အဖွဲ့နဲ့ စစ်ကိုင်းမြို့နယ်က Local PDF ဂျိမ်းစိုးအဖွဲ့၊ စုစုပေါင်း အဖွဲ့ဝင် ၃၀ ကျော်ဟာ စက်တင်ဘာ ၂၃ ရက်က စစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတယောက်က “တော်လှန်ရေးအမည်ခံ ငွေကောက်တယ်၊ အလှူခံတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်တက်တော့ မရှင်းနိုင်ဘူး။ ပြီးမှ တော်လှန်ရေးနားပြီ လုပ်တယ်။ NUG က ဖမ်းမယ်လည်း လုပ်ရော၊ အခုလို ခွေးဇာတ်ခင်းကြတာပဲ” လို့ ပြောပါတယ်။

စစ်ကိုင်း ဂျိမ်းစိုးအဖွဲ့က ၂၇ ယောက်နဲ့ ဝက်လက် မီးတောက်အဖွဲ့က ၅  ယောက်လောက်၊ စုစုပေါင်း အယောက် ၃၀ ကျော် လက်နက်ချ အညံ့ခံသွားတာလို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်း ပါတယ်။

PDFတပ်ရင်းမှူးတယောက်က “NUG က ဖိဖိစီးစီးထိန်းချုပ်လာတော့ အရင်လို ပရမ်းပတာနေလို့၊ စားလို့ မရကြတော့ဘူး။ အချောင်နေအချောင်စား၊ အရင်ကတည်းက သန္ဓေမမှန်တဲ့သူတွေမို့ ဒီလိုအရှက်မရှိ လုပ်သွားကြတာ” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အရင် Local PDF   ဗိုလ်ချုပ်နဲ့ အဖွဲ့ဝင် ၂၀ လောက်ဟာ ရွှေဘိုခရိုင်တပ်ရင်းတခုကနေ အစုလိုက်နုတ်ထွက်ခဲ့ပါတယ်။ 

စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ခဲယမ်းနဲ့အတူ  PDF ၂၀၃ ယောက် ဝင်တယ်လို့ စက်တင်ဘာ ၇ ရက်က ထုတ်ပြန် ထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013