
အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီမှာ သေနတ်သမား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ တယောက် သေဆုံးပြီး ၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေနတ်သမားဟာ ပတ်ဝန်းကျင်က လူတွေ ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၄၆ နှစ်အရွယ် အဆောက်အအုံရဲ့ မန်နေဂျာ ဂျိမ်းစတုတ် ဖြစ်ပါတယ်။
သေနတ်သမားဟာ အသက် ၅၅ နှစ်အတွင် မက်သရူးလမ်ဘတ်ဖြစ်ပြီး သူ့အခန်းစိုထိုင်းမှုနဲ့ ပတ်သက်လို့ တခြားအခန်းဖော်တွေနဲ့ ကာလရှည်အငြင်းပွားမှုတွေဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြ ပါတယ်။
နိုဝင်ဘာ ၁၂ ရက်က မနက် ၈ နာရီမှာ လမ်ဘတ်ဟာ အားကစားခန်းကနေ စတင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လမ်ဘတ်ဟာ စတုတ်ကို ပစ်သတ်ပြီး နောက်အခြား လူ ၄ ယောက်ကိုလည်း တိုက်ခိုက်ခဲ့ကာ သူနေထိုင်ရာ တိုက်ခန်းကို မီးရှို့ဖို့ ကြိုးစားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က လမ်ဘတ်ကို ဖမ်းမိချိန်မှာ သေနတ် ၃ လက်နဲ့ ဂတ်စ်အိုးတို့ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။
လမ်ဘတ်ဟာ လူ ၅ ယောက်ကို ပစ်ခတ်ပြီးနောက် ၇ လွှာမှာရှိတဲ့ အခန်းအတွင်းကို ပြန်ချိန် ရဲတပ်ဖွဲ့က စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။
နောက် ၁ နာရီအကြာမှာ တရားခံဟာ ကိုယ့်ကိုယ်ကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။ အခင်းဖြစ်ပွားရာနေရာဟာ အိမ်ဖြူတော်ရဲ့ အရှေ့မြောက် ၁ မိုင်အကွာမှာ ရှိခဲ့ပြီး ရဲတပ်ဖွဲ့အင်အားအများအပြား လာရောက်ခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











