ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ PSG အသင်းကို ဂိုးပြတ်ထပ်မံအရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၈-၂) ဂိုးနဲ့ ပြိုင်ပွဲကနေ အရှက်တကွဲ ထွက်ခွာခဲ့ရပါတယ်။
နည်းပြ လီယမ်ရိုဆင်နီယာရဲ့ ချဲလ်ဆီးအသင်းဟာ ပွဲစကတည်းက လူစာရင်းပေါက်ကြားမှုတွေ၊ အသင်းတွင်း မညီညွတ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကွင်းထဲမှာလည်း PSG ရဲ့ တိုက်စစ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။
PSG အတွက် ကွာရတ်စခီလီယာ၊ ဘာကိုလာနဲ့ မာယူးလူးတို့က လှပတဲ့သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးခံစစ်ရဲ့ အမှားတွေကို အကောင်းဆုံး အသုံးချသွားခဲ့တာပါ။
ချဲလ်ဆီးပရိသတ်တွေကတော့ အသင်းရဲ့ လက်ရှိအခြေအနေကို စိတ်ပျက်လွန်းလို့ ပွဲမပြီးခင်ကတည်းက ကွင်းထဲက ထွက်ခွာသွားခဲ့ကြသလို ပိုင်ရှင်သစ်တွေရှေ့မှာပဲ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို အော်ဟစ်ကာ ဆန္ဒပြခဲ့ကြပါတယ်။










