DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလားပွဲကြည့် ပရိသတ်များအတွက် အခမဲ့ Fan Festival များ ဖီဖာ စီစဉ်ပေးထား 
DVB
·
June 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘာ့ဖလားကျင်းပရာ မြို့ကြီး ၁၆ မြို့မှာ ဖျော်ဖြေရေးနဲ့ အစားအသောက် အပါအ၀င် ဘောလုံးပွဲစဉ်တွေကိုပါ တိုက်ရိုက်ကြည့်ရှုနိုင်မဲ့ အခမဲ့ Fan Festival တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စီစဉ်ပေးထားပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲလက်မှတ်စျေး ကြီးမြင့်မှုကြောင့် ကွင်းထဲသွားကြည့်ဖို့ မတတ်နိုင်တဲ့အပေါ် ပရိသတ်တွေ စိတ်ပျက်နေကြပေမဲ့လည်း Fan Festival ဟာ ပွဲတော်တခုလိုမျိုး ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။

မက္ကဆီကိုပရိသတ် အက်ဒွာဒို ဆန်းချက်ဇ် ကတော့ “ကျနော် စိတ်ပျက်မိတာ လက်မှတ်ကိစ္စပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ အကြိမ်ကြိမ် သွားကြည့်ခဲ့ဖူးပါတယ်။ ဒီလောက် လက်မှတ်ဈေးကြီးတာမျိုး တခါမှ မကြုံဖူးဘူး။ ကံဆိုးချင်တော့ ဖီဖာဟာ ဘောလုံးထက် စီးပွားရေးကို ပိုပြီးအသားပေးလာပုံ ရပါတယ်။ ဒါဟာ တခုတည်းသော စိတ်ပျက်စရာပါ” ဆိုပြီး မှတ်ချက်ပေးပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ ဒီနေ့မနက်က  မက္ကဆီကိုနိုင်ငံက စတင်ဖွင့်လှစ်လိုက်ပြီး ကမ္ဘာကျော်တေးသံရှင် ရှာကီယာ အပါအဝင် နာမည်ကျော် အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်ခဲ့ပါတယ်။

အနှစ် ၄၀ အတွင်း ပထမဆုံး အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့်ရတာ ဖြစ်တဲ့အလျောက် အက်ဇ်တက်ကာ အားကစားကွင်းကြီးကို မက္ကဆီကို ပရိသတ် အများအပြား ရောက်လာကြပါတယ်။

မက္ကဆီကိုစီးတီးမြို့က လူ ၈၂,၀၀၀ ဆံ့ အားကစားကွင်းကြီးကို လုံခြုံရေးအရ တင်းကျပ်ထားပေမဲ့လည်း အပြင်ဘက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

အခုလိုမျိုး ကမ္ဘာကြီးရဲ့ အာရုံစိုက်မှု ရနေချိန်မှာ မူးယစ်ဆေးစစ်ပွဲအတွင်း ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆရာဖြစ်သူတွေက သူတို့တောင်းဆိုချက်ကို အများပြည်သူသိရှိအောင် ချီတက် ဆန္ဒပြခဲ့ကြတာပကါ။

၂၀၂၆ ကမ္ဘာ့ဖလားပွဲကို မက္ကဆီကိုနဲ့အတူ အမေရိကန်၊ ကနေဒါတို့ကလည်း ပူးတွဲအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနေတာကြောင့် သူတို့ကိုယ်ပိုင်ကွင်းတွေမှာလည်း  ဖွင့်ပွဲအခမ်းအနားတွေကို အသီးသီး ကျင်းပသွားမှာပါ။

ဇူလိုင် ၁၉ ရက်မှာတော့ အမေရိကန်နိုင်ငံ နယူးဂျာစီမြို့ရဲ့ MetLife အားကစားကွင်းကြီးမှာ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013