DVB Logo
Home
မြန်မာသတင်း

အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှား မှု လိုင်ဇာတွင် ပြုလုပ် (သတင်းဓာတ်ပုံ)

DVB
·
November 27, 2026
အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှား မှု လိုင်ဇာတွင် ပြုလုပ် (သတင်းဓာတ်ပုံ)
1 / 16
Donate to DVB

ကမ္ဘာတဝန်းမှာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပနေတဲ့ "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု" ကမ်ပိန်းကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ နိုဝင်ဘာ ၂၅ ရက်က စတင်ပြုလုပ်နေပါတယ်။

ဒီလှုပ်ရှားမှုကို HTOI Gender and Development Foundation နဲ့ လိုင်ဇာမြို့ အမျိုးသမီးရေးရာကော်မတီက အမျိုးသမီးခေါင်းဆောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လိုင်ဇာမြို့ထဲက လူစည်ကားရာ လမ်းဆုံတွေ၊ ဈေးနဲ့ တရုတ်ပြည်ဂိတ်ပေါက်ဝတွေမှာ ကချင်၊ မြန်မာ၊ တရုတ် ဘာသာစကား ၃ မျိုးနဲ့ အသိပညာပေး ဟောပြောတာတွေ လုပ်ခဲ့ကြပါတယ်။

လှုပ်ရှားမှုအတွင်း အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှတာ၊ ဖဲကြိုးဖြူ တပ်ဆင်ပေးတာတွေ လုပ်ခဲ့သလို ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် (IDP) တွေ၊ CDM ဝန်ထမ်းတွေ၊ KIO/KIA နဲ့ မဟာမိတ်အဖွဲ့အစည်းက ဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေအပြင် တရုတ်ရွှေ့ပြောင်းလုပ်သားနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် လူဦးရေ ၃,၀၀၀ ဝန်းကျင်လောက်ဆီ အသိပညာပေး သတင်းစကားတွေ ဖြန့်ဝေခဲ့ပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုရဖို့၊ အကြမ်းဖက်ခံရသူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

Photo: HTOI

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013