DVB Logo
Home
နိုင်ငံတကာ
ဥရောပ ၉ နိုင်ငံနှင့် ယူကရိန်းတို့ ဘော်လစ်စတစ်ဒုံးကျည် ကာကွယ်တိုက်ဖျက်ရေး ညွန့်ပေါင်းဖွဲ့
DVB
·
July 14, 2026
Photo: AGENCY POOL
Photo: AGENCY POOL
Donate to DVB

ဥရောပ ၉ နိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ဘော်လစ်စတစ်ဒုံးကျည် ခြိမ်းခြောက်မှုတွေ ရန်ကနေ ဥရောပရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ဖို့အတွက် ဘော်လစ်စတစ်ဒုံးကျည်တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့တခုကို ဇူလိုင် ၁၃ ရက်မှာ ပူးပေါင်းဖွဲ့စည်းလိုက်ကြပါတယ်။

ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်နဲ့ ယူကရိန်းနိုင်ငံတွေက ခေါင်းဆောင်တွေဟာ စစ်မှန်တဲ့ ကာကွယ်ရေးသက်သက်ကိုပဲ ဦးတည်မဲ့ ဘော်လစ်စတစ်ဒုံးကျည်ကာကွယ်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီလိုဖွဲ့စည်းရခြင်းဟာ ဒုံးကျည်အန္တရာယ်တွေ ပိုမိုကြီးထွားလာနေတာကြောင့်ဖြစ်ပြီး ဥရောပရဲ့ လုံခြုံရေးအတွက် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ပိုပြီးအရေးကြီးလာတာကို ထောက်ပြပြီး ပြောဆိုသွားကြတာပါ။

ဒါ့အပြင် ဥရောပကို ကာကွယ်ဖို့အတွက် အနာဂတ် ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တား တိုက်ဖျက်နိုင်ဖို့အတွက် ပေါင်းစပ်ဒုံးကျည်ကာကွယ်ရေးစနစ်တခု လိုအပ်တယ်လို့လည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ ယူကရိန်းအတွက် အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍမှာ စစ်ရေးအရ အကူအညီတွေ ပိုမိုတိုးမြှင့်ပေးဖို့ ဆွေးနွေးဖို့အတွက် တနင်္လာနေ့က ပါရီမြို့မှာ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံနေချိန်အတွင်း ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘော်လစ်စတစ် ဆိုတာ ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီကို ခုံးပတ်လမ်းကြောင်းအတိုင်း ပျံသန်းသွားနိုင်တဲ့ ဒုံးပျံအင်ဂျင်တပ် ပဲ့ထိန်းလက်နက် ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013