
ဖီဖာအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုဇယားတွက်ချက်တဲ့ စည်းမျဉ်းကို ပြောင်းလဲ လိုက်ပါတယ်။
အမှတ်တူနေရင် အရင်က ဂိုးကွာခြားချက်နဲ့ တွက်ခဲ့တာပါ။ အခုတော့ အသင်းအချင်းချင်း ထိပ်တိုက် တွေ့ဆုံမှု ရလဒ်ကို အဓိကထား တွက်ချက်တာမှာပါ။
ဒီလိုပြောင်းလဲလိုက်တာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အကြီးအကျယ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်။
အရင်စည်းမျဉ်းအရဆိုရင် အုပ်စုဗိုလ်ဖြစ်ဖို့ ၄ မှတ်အသာရဖို့ လိုပါတယ်။ အခုတော့ ၃ မှတ် အသာ နဲ့တင် အုပ်စုဗိုလ်ဖြစ်လာနိုင်တာပါ။
ဒီစည်းမျဉ်းအသစ်ကြောင့် အသင်းတွေဟာ အုပ်စုပွဲစဉ် ၃ မတိုင်ခင်မှာတင် အုပ်စုဗိုလ်နေရာကို အတည်ပြုနိုင်တာ ဖြစ်တယ်။
မက္ကဆီကိုအသင်းဟာ ပထမ ၂ ပွဲစလုံး အနိုင်ရပြီး ၆ မှတ်နဲ့ အုပ်စုဇယားကို ဦးဆောင်ထားတာပါ။ တောင်ကိုရီးယားက ၃ မှတ်နဲ့ ဒု နေရာမှာရှိနေတာပါ။
တောင်ကိုရီးယားကိုလည်း အနိုင်ရထားတာကြောင့် အမှတ်တူရင်တောင် မက္ကဆီကိုက အုပ်စုဗိုလ် ဖြစ်နေမှာပါ။
ဒါကြောင့် မက္ကဆီကိုဟာ ချက်သမ္မတနိုင်ငံနဲ့ပွဲမှာ ကစားသမားတွေကို အနားပေးဖို့ ရွေးချယ် နိုင်တယ်။ ဒီအခြေအနေက ချက်သမ္မတနိုင်ငံအတွက် အကျိုးရှိနိုင်တာ ဖြစ်ပါတယ်။
Photo:Reuters










