
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုဟာ အဖွဲ့ဝင်နိုင်ငံတွေကို ပေါင် ၄ ဒသမ ၄ ဘီလီယံရှိတဲ့ ရန်ပုံငွေထဲကနေ ငွေကြေးပိုမိုခွဲဝေပေးဖို့ ပြင်ဆင်နေပါတယ်။
ဥရောပနဲ့ မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ်တွေက အဖွဲ့ဝင် ၂၁၁ နိုင်ငံအတွက် တနိုင်ငံကို ဒေါ်လာ ၁၀ သန်းစီ ခွဲဝေပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အင်ဖန်တီနိုက တာဝန်ယူမှုရှိရှိ ပေးအပ်နိုင်မဲ့ ထောက်ပံ့ငွေပမာဏကို ပေးသွားမယ်လို့ အဖွဲ့ချုပ်တွေဆီ ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။
ကမ္ဘာ့ဖလား မူပိုင်ခွင့် ရောင်းချမဲ့အစီအစဉ် ပျက်ပြယ်ခဲ့ပြီးနောက် သူ့အပေါ် ဝေဖန်မှုတွေ ဆက်တိုက်ရှိနေတာပါ။ ဒီအဆိုပြုချက်ကို လာမဲ့ အောက်တိုဘာ ၁၅ ရက် ဖီဖာကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။










