
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မူပိုင်ခွင့်တချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ တွေထံ ရောင်းချဖို့ ကြိုးပမ်းခဲ့ပြီး ဒီမအောင်မြင်ခဲ့တဲ့ အစီအစဉ်နဲ့ ပတ်သက်တဲ့ အဓိက စာရွက်စာတမ်းတွေကို ကောင်စီအဖွဲဝင်တွေ ကြည့်ရှုနိုင်ဖို့ ဖီဖာက စီစဉ်ပေးလိုက်ပါတယ်။
UEFA ဘက်က မေးခွန်းပေါင်း ၁၀၀ ကျော်အတွက် အထောက်အထားတွေ တောင်းဆိုခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
စာရွက်စာတမ်းတွေကို ဇူးရစ်မြို့မှာရှိတဲ့ ဖီဖာဌာနချုပ်မှာ လူကိုယ်တိုင် လာရောက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဖီဖာ အထွေထွေအတွင်းရေးမှူး မားသီးယက်စ် ဂရပ်ဖ်စထရုမ်းက လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထားရှိမယ်လို ဆိုပါတယ်။
ဒါ့အပြင် တောင်းဆိုထားတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားဖို့ ပြင်ဆင်နေကြောင်း အဖွဲဝင် တွေထံ အကြောင်းကြားထား ပါတယ်။
Photo:Reuters











