
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ကို ပြစ်ဒဏ်ဆိုင်းငံ့ပြီး ကစားခွင့်ပြုခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က ဖီဖာထံမှ တရားဝင်ရှင်းလင်းချက် တောင်းဆိုလိုက်ပါတယ်။
ဒီကိစ္စကို လာမဲ့ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပမဲ့ ဖီဖာကောင်စီ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးပေးဖို့ ဘယ်လ်ဂျီယံဘက်က အကြောင်းကြားထားတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားမှာ တိုက်ရိုက်အနီကတ်ထိထားတဲ့ ဘာလိုဂန်ကို ဖီဖာက ပွဲပယ်ပြစ်ဒဏ် တနှစ် ဆိုင်းငံ့ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော် တာဝန်ရှိသူတွေရဲ့ ဝင်ရောက်စွက်ဖက်ပြီး စည်းရုံးမှုအပြီးမှာ အခုလို ဖြစ်ပေါ်ခဲ့တာပါ။
ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ ၂ လကြာတဲ့အထိ အကြောင်းပြန်ချက် မရသေးတာကြောင့် ပွင့်လင်းမြင်သာမှုရှိအောင် တောင်းဆိုရတာလို့ ပြောပါတယ်။











