DVB Logo
Home
နိုင်ငံတကာ
ကနေဒါ တောမီးကြောင့် နယူးယောက်နှင့် ဝါရှင်တန်တို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးဖြစ်လာ
DVB
·
July 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကနေဒါနိုင်ငံမှာလောင်နေတဲ့ တောမီးကနေ ထွက်လာတဲ့ မီးခိုးတွေဟာ ဇူလိုင် ၁၈ရက် မနက်မှာ အမေရိကန် အရှေ့မြောက်ပိုင်းဒေသတွေကို ဖုံးလွှမ်းထားပြီး နယူးယောက်မြို့ကနေ ဝါရှင်တန်ဒီစီအထိ အထင်ကရနေရာတွေ မှုန်ဝါးနေပါတယ်။ 

IQAirရဲ့ လေထုအရည်အသွေးညွှန်းကိန်းမှာ စနေနေ့မနက် ၁၁ နာရီက နယူးယောက်နဲ့ ဝါရှင်တန်ဒီစီမြို့တော်တို့ဟာ  AQI ညွှန်းကိန်း ၁၇၆ နဲ့ ၁၇၄ အသီးသီး ရှိနေလို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီး နှစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရတာပါ။ 

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကတော့ ၁၇၂နဲ့ တတိယနေရာမှာ ရှိနေပါတယ်။  ကနေဒါနိုင်ငံက တောမီးလောင်ကျွမ်းမှု ရာပေါင်းများစွာကနေထွက်လာတဲ့ မီးခိုးထူတွေကြောင့် ဇူလိုင် ၁၇ နဲ့ ၁၆ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်းကနေ အရှေ့မြောက်ပိုင်းအထိ ဖုံးလွှမ်းနေပြီး ဒေသခံတွေ အိမ်ထဲမှာပဲနေကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ 

ကနေဒါတောမီးကြောင့် အမေရိကန်မှာ မီးခိုးတွေပျံ့နှံ့တာအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါကို သောကြာနေ့မှာ အပြစ်တင်ခဲ့ပါတယ်။ 

ကနေဒါ ကုန်ပစ္စည်းတွေအပေါ် လက်ရှိအခွန်ကောက်ခံရာမှာ အမေရိကန်ရဲ့ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရတဲ့အတွက် မရေမတွက်နိုင်တဲ့ ကုန်ကျစရိတ်တွေကို ပေါင်းထည့်မယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013