အိန္ဒိယနိုင်ငံရဲ့ နယူးဒေလီမြို့တော်က ကာလရှည်လေထုညစ်ညမ်းမှုအတွက် ရေရှည်ဖြေရှင်းနည်းတွေ ရှာဖို့ ဒေသခံတွေက အစိုးရကို တောင်းဆိုနေပါတယ်။
နိုဝင်ဘာ ၁၅ ရက်က မီးခိုးမြူတွေ ထူထပ်နေတဲ့ လေထုက နယူးဒေလီမြို့ကို ဆက်ဖုံးလွှမ်းထားပါတယ်။
မြို့တော်ရဲ့ နေရာအတော်များများမှာ လေထုအရည်အသွေး ညွှန်းကိန်း (AQI)က ၄၀၀ အထက်မှာ မှတ်တမ်းတင်ထားပြီး ပြင်းထန်တဲ့ အမျိုးအစားထဲမှာ ရောက်နေတယ်လို့ ဒေသခံမီဒီယာတွေက နိုဝင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။
လေထုညစ်ညမ်းမှုက ၆ နှစ်အရွယ်သမီးအပါအဝင် အသက်အရွယ်မရွေး လူအားလုံးအတွက် အသက်ရှူရခက်ခဲနေတဲ့ ကျန်းမာရေးပြဿနာတွေကို ဆိုးဆိုးရွားရွား ဖြစ်စေတယ်လို့ နယူးဒေလီမြို့ခံ ဟာပရိထ်ဆင်းဂ်က ပြောပါတယ်။
“အစိုးရက အလေးအနက်ထား လုပ်ဆောင်ရမယ်။ အပြောတွေ ရှိပေမဲ့ အရေးယူဆောင်ရွက်တာမျိုး မရှိပါဘူး”လို့ မြို့ခံ ဟာပရိထ်ဆင်းဂ်က ပြောပါတယ်။
Source: Reuters











