
ပွာတိုရီကိုနိုင်ငံ၊ မိုနာကျွန်းနဲ့ မိုင် ၁၀ လောက်အကွာ ပင်လယ်ပြင်မှာ ဒေသန္တရလုပ် ရေယာဉ်တစင်း တိမ်းမှောက်ခဲ့တာကြောင့် အမေရိကန် ကမ်းခြေစောင့်တပ်က လူ ၄၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၃ လောင်း ရှာဖွေတွေ့ရှိခဲ့ကာ လူ ၁၀ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရေယာဉ်ပေါ်မှာ လူစုစုပေါင်း ၆၂ ယောက် လိုက်ပါလာတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
ကယ်တင်ခံရသူတွေကို ကမ်းပေါ်ခေါ်လာပြီးနောက် စစ်ဆေးမေးမြန်းမှုတွေနဲ့ ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ဖို့ ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးဌာနနဲ့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် စောင့်ကြပ်ရေးဌာနဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
Source:Reuters










