DVB Logo
Home
နိုင်ငံတကာ
ဆိုက်ပရပ်စ် ကူးတို့သင်္ဘောမှောက်မှု ပျောက်ဆုံးသူ ၂၀ ရှိလာ၊ သံသယရှိသူ ၉ ဦးကို ထိန်းသိမ်း 
DVB
·
September 1, 2026
Photo: REUTERS/Stringer TPX IMAGES OF THE DAY
Photo: REUTERS/Stringer TPX IMAGES OF THE DAY
Donate to DVB

ဆိုက်ပရပ်စ်နိုင်ငံမြောက်ပိုင်း ကမ်းလွန်မှာ ခရီးသည် ၂၆၇ ယောက်ပါ ကူးတို့သင်္ဘောမှောက်သွားပြီး လူ ၂၀ ပျောက်ဆုံးနေတဲ့အမှုနဲ့ပတ်သက်လို့ သံသယရှိသူ ၉ ယောက်ကို ၃ ရက်ကြာ ထိန်းသိမ်းထားဖို့ တူရကီ ဆိုက်ပရပ်စ် တရားရုံးက သြဂုတ် ၃၁ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ခရီးသည်စာရင်းကို သေချာစစ်ဆေးပြီးနောက်မှာ အခုထိ ရှာမတွေ့သေးတဲ့ ပျောက်ဆုံးနေသူ အရေအတွက်ဟာ ၁၈ ယောက် မဟုတ်ဘဲ ၂၀ ဖြစ်သွားတယ်လို့ တူရကီ ဆိုက်ပရပ်စ် ဝန်ကြီးချုပ် အူနာလ် အုစ်တဲလ် က ပြောပါတယ်။

ဒီအတွက် ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့၊ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာအားလုံးက ဆက်လက် လုပ်ဆောင်နေကြပါတယ်လို့ သူက ကီရေးနီယာ ဆိပ်ကမ်းအနီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို သင်္ဘောအုပ်စုကြီး၊ ဟယ်လီကော်ပတာအုပ်စုကြီး၊ လေယာဉ်တွေအပြင် အခြား ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပါ အင်အားဖြည့်ပြီး တိုးချဲ့ထားပါတယ်” လို့ ဝန်ကြီးချုပ် အုစ်တဲလ် က ဖြည့်စွက်ပြောသွားပါတယ်။

လက်ရှိမှာ သင်္ဘောဟာ ရေအနက် ၅၁၄ မီတာ (မီတာ ၅၀၀ ကျော်) ရှိတဲ့ ပင်လယ်ပြင်အောက်ခြေမှာ မြုပ်နေပါတယ်။ ရေငုပ်သမားတွေ မဆင်းနိုင်တဲ့ အဲဒီရေနက်ပိုင်းမှာ ရှာဖွေရေးလုပ်ဖို့ တူရကီနိုင်ငံကနေ ရေနက်သွား သင်္ဘောနှစ်စင်း ရောက်လာမှာဖြစ်ပြီး နောက်တနေ့ မွန်းလွဲပိုင်းမှာ စတင်ရှာဖွေကာ သင်္ဘောထဲမှာ ဘာတွေရှိလဲ ကြည့်ကြမယ်လို့ တူရကီ ဆိုက်ပရပ်စ် ခေါင်းဆောင် တူးဖန် အာဟူးမန် က ပြောပါတယ်။

ဆိပ်ကမ်းအပြင်ဘက်မှာ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ စိုးရိမ်တကြီး သတင်းစောင့်နေကြပြီး အချို့ဆိုရင် ရဲတွေနဲ့ အချေအတင် ငြင်းခုံနေကြတာကိုလည်း တွေ့ရပါတယ်။

ဧရာမ ကူးတို့သင်္ဘောဟာ သြဂုတ် ၃၀ ရက်က ကီရေးနီယာ ဆိပ်ကမ်းမြို့ ကမ်းလွန်မှာ ရေဝင်ပြီး မှောက်သွားခဲ့တာပါ။ သင်္ဘောဟာ ပြင်းပြင်းထန်ထန် ခါယမ်းသွားခဲ့ပြီး ရေမျက်နှာပြင်နဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့မှုကြောင့် သင်္ဘောဦးပိုင်း တစိတ်တပိုင်း ပွင့်ထွက်သွားခဲ့တာလို့ သိရပါတယ်။ 

သြဂုတ် ၂၉ ရက်ကတည်းက မုန်တိုင်းပြင်းထန်ခဲ့ပြီး အဖြစ်ဆိုးကြုံရတဲ့ သြဂုတ် ၃၀ ရက်မှာလည်း ပင်လယ်လှိုင်းတွေ ပြင်းထန်နေဆဲဖြစ်လို့ လွတ်မြောက်လာသူတွေဟာ မှောက်ခုံဖြစ်နေတဲ့ သင်္ဘောဝမ်းဗိုက်ကို ဖက်တွယ်ထားခဲ့ကြရတာပါ။

သြဂုတ် ၃၁ ရက်မှာတော့ ရေမျက်နှာပြင်ပေါ် မျောနေတဲ့ ပန်းရောင် ခရီးဆောင်အိတ်တလုံးနဲ့ သံပြားတချပ် အပါအဝင် အပျက်အစီးတွေ ကျဲပြန့်နေပါတယ်။ ပင်လယ်အောက်ခြေမှာ ရောက်နေတဲ့ သင်္ဘောထဲမှာ လူတွေ ပိတ်မိနေသေးလား ဆိုတာကိုတော့ ရေရေရာရာ မသိရသေးပါဘူး။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013