
အမေရိကန်-အစ္စရေးတို့နဲ့ အီရန်အကြား စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ စွမ်းအင်တွေ ဈေးနှုန်းမြင့်တက်လာပြီး ထောက်ပံ့ရေး ပြတ်တောက်နေတာကို တန်ပြန်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဧပြီ ၁ ရက်ကစပြီး အကျိုးသက်ရောက်မဲ့ အစီအမံတွေကို အကောင်အထည်ဖော်မယ်လို့ အစိုးရက မတ် ၃၁ ရက်မှာ ပြောပါတယ်။
မိတ်ဆက်မဲ့ အပြောင်းအလဲတွေထဲမှာ အစိုးရက ကျန်းမာရေးနဲ့ လုံခြုံရေးကဏ္ဍတွေကလွဲလို့ အစိုးရဝန်ထမ်းတွေအတွက် သောကြာနေ့တိုင်း အိမ်ကနေ အလုပ်လုပ်မဲ့ မူဝါဒကို အကောင်အထည်ဖော်မယ်လို့ စီးပွားရေးဝန်ကြီး အဲရ်လန်ဂါ ဟာတာတိုက ပြောပါတယ်။
ဒါဟာ လောင်စာဆီထောက်ပံ့ကြေး ရူပီး ၆ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၃၆၄ ဒသမ ၉၂ သန်း) ကို သက်သာစေနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ကားတစီးအတွက် တရက်ကို လောင်စာဆီ လီတာ ၅၀ ရောင်းချမှု ကန့်သတ်မယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source: Reuters










