DVB Logo
Home
နိုင်ငံတကာ
Apple က HomeView နှင့် အိမ်သုံးစမတ်ပစ္စည်းသစ်များ မိတ်ဆက်
DVB
·
October 14, 2026
Photo: REUTERS/Shannon Stapleton
Photo: REUTERS/Shannon Stapleton
Donate to DVB

အမေရိကန် နည်းပညာကုမ္ပဏီ Apple က AI နည်းပညာ အဆင့်မြှင့်ထားတဲ့ Siri ပါဝင်တဲ့ HomeView နဲ့ အိမ်သုံးစမတ်ပစ္စည်းသစ်တွေကို အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။

HomeView ဟာ iPad နဲ့ ဆင်တူတဲ့ မျက်နှာပြင် ၇ လက်မအရွယ် စက်ပစ္စည်းဖြစ်ပြီး နံရံမှာ တပ်ဆင်နိုင်သလို စားပွဲပေါ်မှာလည်း ထားနိုင်ပါတယ်။

ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၉၉ ကနေ စတင်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

ဒီစက်မှာ မျက်နှာမှတ်မိနိုင်တဲ့ နည်းပညာ ပါဝင်ပြီး မိသားစုဝင် ခြောက်ယောက်အထိ တယောက်ချင်းစီအတွက် သီးသန့်အချက်အလက်တွေ ပြသပေးနိုင်ပါတယ်။

AI နည်းပညာ အဆင့်မြှင့်ထားတဲ့ Siri ကို အသံနဲ့ ခိုင်းစေပြီး အိမ်တံခါးသော့၊ လူခေါ်ခေါင်းလောင်းနဲ့ အခန်းအပူချိန်ထိန်းစက်တွေကို ထိန်းချုပ်နိုင်ပါတယ်။

Siri ဟာ မိသားစုဝင် အများအပြားရဲ့ အသံနဲ့ ခိုင်းစေမှုတွေကိုလည်း တပြိုင်နက် ကိုင်တွယ်နိုင်တယ်လို့ အက်ပဲလ်က သရုပ်ပြခဲ့ပါတယ်။

Apple ဟာ HomePod စမတ်စပီကာနဲ့ Apple TV စက်ပစ္စည်းတွေကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီး LG နဲ့ Schneider Electric ကုမ္ပဏီတွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အိမ်သုံး စမတ်ပစ္စည်းတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ဒီပစ္စည်းသစ်တွေနဲ့ Apple ဟာ Amazon နဲ့ Google တို့ အားကောင်းနေတဲ့ အိမ်သုံးစမတ်ပစ္စည်းဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နည်းပညာလေ့လာဆန်းစစ်သူ ပေါ်လို ပက်စကာတိုရီ ကတော့ “အသံနဲ့ ခိုင်းစေရုံထက် AI နည်းပညာက နေ့စဉ်ဘဝမှာ တကယ်အသုံးဝင်ကြောင်း Apple က သက်သေပြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ Siri AI ကို အသုံးပြုခွင့်ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် HomeView ကို ဥရောပသမဂ္ဂနိုင်ငံတွေမှာ ရောင်းချမှာ မဟုတ်ဘူးလို့ Apple က ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013