Apple ကုမ္ပဏီက Touchscreen ပါဝင်တဲ့ ပထမဆုံး MacBook Pro လက်ပ်တော့တွေကို အောက်တိုဘာ ၂၈ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ မိတ်ဆက်ခဲ့ပြီး နောက်ကျောက မီးလင်းတဲ့ Apple လိုဂိုကိုလည်း ပြန်လည်ထည့်သွင်းလိုက်ပါတယ်။
Apple ရဲ့ CEO သစ် ဂျွန် တားနပ်စ်က မျက်နှာပြင် ၁၄ လက်မနဲ့ ၁၆ လက်မရှိတဲ့ MacBook Pro မော်ဒယ်နှစ်မျိုးကို မိတ်ဆက်ခဲ့တာပါ။
ဒီလက်ပ်တော့တွေမှာ ပုံရိပ်ကြည်လင်တောက်ပတဲ့ OLED မျက်နှာပြင်နဲ့ M5 Pro၊ M5 Max ချစ်ပ်တွေကို အသုံးပြုထားပါတယ်။
Apple ဟာ လက်ပ်တော့တွေမှာ Touchscreen သုံးဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီပူးတွဲတည်ထောင်သူ စတိဗ် ဂျော့ဘ်ကလည်း ၂၀၁၀ ပြည့်နှစ်မှာ ဒီနည်းပညာဟာ “အသုံးပြုရ အလွန်အဆင်မပြေဘူး” လို့ ပြောခဲ့ဖူးပါတယ်။
အခုတော့ Apple ဟာ Touchscreen နည်းပညာကို လက်ခံအသုံးပြုလာတဲ့အပြင် MacBook တွေမှာ ပျောက်ကွယ်နေခဲ့တဲ့ နောက်ကျောမီးလင်း Apple လိုဂိုကိုပါ ပြန်လည် အသက်သွင်းလိုက်တာပါ။
OLED မျက်နှာပြင်တွေမှာ ပုံရိပ်စွဲကျန်တတ်တဲ့ ပြဿနာကို ကာကွယ်ဖို့ အအေးပေးစနစ်နဲ့ မျက်နှာပြင်နည်းပညာကိုလည်း ပြုပြင်ထားပါတယ်။
၁၄ လက်မ M5 Pro မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၂,၈၉၉ ကနေ စတင်ရောင်းချမှာဖြစ်ပြီး ၁၆ လက်မ M5 Max မော်ဒယ်ကတော့ အမေရိကန်ဒေါ်လာ ၄,၇၉၉ ကနေ စတင်မှာပါ။
အောက်တိုဘာ ၂၈ ရက်ကတည်းက ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာ ၆ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက CEO ဖြစ်လာတဲ့ တားနပ်စ်ဟာ Apple ရဲ့ ပထမဆုံးခေါက်ဖုန်း iPhone Duo နဲ့ Smart Home Hub ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
ဒါပေမဲ့ Touchscreen လက်ပ်တော့တွေရဲ့ ၂၀၂၅ ခုနှစ် ပျမ်းမျှဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁,၀၀၉ ဝန်းကျင်သာရှိတာကြောင့် Apple ရဲ့ ဈေးနှုန်းမြင့်မားမှုက အရောင်းအတွက် စိန်ခေါ်မှု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
Source: Reuters











