DVB Logo
Home
နိုင်ငံတကာ
Apple က ဒေါ်လာ ၂,၀၀၀ တန် ခေါက်ဖုန်း iPhone Duo မိတ်ဆက်
DVB
·
September 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

Apple ရဲ့ CEO အသစ် ဂျွန် တားနပ်စ်ဟာ ရာထူးယူပြီး ဒုတိယပတ်မှာပဲ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ကို စက်တင်ဘာ ၉ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒါဟာ ၂၀၀၇ ခုနှစ် ပထမဆုံး iPhone ထွက်လာပြီးနောက် iPhone ဒီဇိုင်းမှာ အကြီးမားဆုံး အပြောင်းအလဲတခု ဖြစ်ပါတယ်။

စာအုပ်တအုပ်လို ခေါက်ဖွင့်နိုင်တဲ့ Duo ရဲ့ အပြင်ဘက်မျက်နှာပြင်က ၅ ဒသမ ၄ လက်မရှိပြီး ဖွင့်လိုက်ရင် အတွင်းမျက်နှာပြင်က ၇ ဒသမ ၆ လက်မ ရှိပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁,၉၉၉ ကနေ စတင်ပြီး အမြင့်ဆုံးမိုဒယ်က အမေရိကန်ဒေါ်လာ ၃,၂၀၀ နီးပါး ရှိပါတယ်။

တားနပ်စ်က ဒီဖုန်းဟာ “iPad ကို အခြေခံပြီး စိတ်ကူးယူထားတာ” ဖြစ်ပြီး ခေါက်ဖွင့်သုံးရတာ ချောမွေ့သလို ဘယ်လိုသုံးရမလဲ ဆိုတာလည်း အလွယ်တကူ နားလည်နိုင်တယ်လို့ ပြောပါတယ်။

Apple ဟာ Samsung နဲ့ Huawei တို့ နှစ်ပေါင်းများစွာ ရောင်းချလာတဲ့ ခေါက်ဖုန်းဈေးကွက်ထဲကို အခုမှဝင်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ခေါက်ဖုန်းတွေဟာ ကမ္ဘာ့ smartphone ရောင်းအားရဲ့ အနည်းငယ်ကိုသာ ပိုင်ဆိုင်ထားသေးလို့ Apple အတွက် ဒီဈေးနှုန်းမြင့်ဖုန်းက စွန့်စားမှုတခု ဖြစ်နေပါတယ်။

Duo နဲ့အတူ Apple က iPhone 18 Pro နဲ့ 18 Pro Max ကိုလည်း မိတ်ဆက်ခဲ့ပြီး A20 Pro chip နဲ့ 48-megapixel variable-aperture camera အသစ် ထည့်သွင်းထားပါတယ်။

ဈေးနှုန်းကတော့ iPhone 18 Pro ကို အမေရိကန်ဒေါ်လာ ၁,၁၉၉၊ Pro Max ကို ၁,၂၉၉ ကနေ စတင်ပြီး အရင်မျိုးဆက်ထက် အမေရိကန်ဒေါ်လာ ၁၀၀ စီ ဈေးတက်ထားပါတယ်။

ဒါ့အပြင် Apple Watch Series 12၊ Ultra 4 နဲ့  AirPods အသစ်တွေလည်း မိတ်ဆက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013