၁၁ ကြိမ်မြောက် နိုင်ငံတကာ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပ

၁၁ ကြိမ်မြောက် နိုင်ငံတကာ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ ချုံချင်းမှာ နိုဝင်ဘာ ၂၁ နဲ့ ၂၂ ရက်နေ့တွေက ကျင်းပခဲ့ပါတယ်။
မေ့ရှင်းဝိုင်မြို့မှာ ပြုလုပ်တဲ့ ဒီပြိုင်ပွဲဟာ ချုံချင်းရဲ့ အကြီးမားဆုံး ပျော်ပွဲရွှင်ပွဲတခုလည်း ဖြစ်ပါတယ်။
မီတာ ၁၀၀ ဒေါက်ဖိနပ်စီးပြီး ယှဉ်ပြိုင်ရတဲ့ အပြေးပြိုင်ပွဲကို အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ယန်ဇီမြစ်တလျှောက် အရောင်ခြယ်ထားတဲ့ ပြေးလမ်းတွေ ပြုလုပ်ပြီး ယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲဟာ ၂၀၂၆ ဆောင်းရာသီ ခရီးသွားကာလအတွက် ဆွဲဆောင်မှုတခုပဲ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဒေသခံတွေ၊ နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပြီး ဖူလင်မှာ စုဝေးကာ အရောင်ခြယ်ပြေးလမ်းတလျှောက် ယှဉ်ပြိုင်ရတဲ့ ပျော်စရာပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ ဒေါက်မြင့်ဖိနပ်စီး အမြန်ပြေးပြိုင်ပွဲ၊ တောင်တက်ပြိုင်ပွဲ၊ မိဘနဲ့ကလေး ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။
မီတာ ၁၀၀ ဒေါက်ဖိနပ်စီး အမြန်ပြေးပွဲမှာ အနည်းဆုံး အမြင့် ၇ စင်တီမီတာအမြင့်ရှိတဲ့ ဒေါက်ဖိနပ်စီးပြီး ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။
Source: Reuters











