DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ရန် အာဆီယံ၊ အမေရိကန်နှင့် ကနေဒါ ထပ်တောင်းဆို
DVB
·
August 7, 2026
Photo: All In One Piece Movement
Photo: All In One Piece Movement
Donate to DVB

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌက ဩဂုတ် ၇ ရက်မှာ ထပ်မံ ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ မစ္စတာ အာနိုး ဒီဘက်ခ်တို့ ဩဂုတ် ၃ ရက်က တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း ဖော်ပြထားပြီး ဒီတွေ့ဆုံမှုဟာ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေ၊ ဆရာဝန်တွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်ရေးအတွက် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရှိဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဆက်လက်တောင်းဆိုလိုက်ပြီး သူလိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ရရှိနိုင်ရေး၊ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ သွားရောက်တွေ့ဆုံခွင့် ရရှိနိုင်ရေးကို အာဏာပိုင် တွေက အာမခံပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က  သွားရောက် တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုတယ်လို့  အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုက ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက် တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတရပ်ဖြစ်လာမယ်လို့ မျှော်လင့်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မယ်လို့  ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးဖို့၊ မြန်မာပြည်တွင်း ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်က တိုက်တွန်းပါတယ်။

အလားတူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်ထံ ICRC က သွားရောက်တွေ့ဆုံခဲ့တာကို ကြိုဆိုကြောင်း၊ ဒီလိုတွေ့ဆုံနိုင်တာဟာ ရှေ့သို့တက်လှမ်းတဲ့ ခြေလှမ်းကြီးတခုဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း၊ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးဖို့  ဆက်လက်တောင်းဆိုပါတယ်။ 

မြန်မာစစ်အာဏာရှင်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်ရှိ  သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်တွေ၊ ဆေးဝါးကုသခွင့်နဲ့ ရှေ့နေတွေ ဝင်ရောက်တွေ့ဆုံခွင့်ပေးဖို့လည်း  ကနေဒါနိုင်ငံက တိုက်တွန်းတောင်းဆိုပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013