
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ကျော်လမ်းရှိ လေလာတောင် ပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရ ပါတယ်။
ဇွန် ၁၆ ရက် ညနေ ၅ နာရီဝန်းလောက်ကစပြီး အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်ကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
“မနေ့ညကတော့ ညောင်ကျိုးနဲ့ လေလာတောင်ကို ဒရုန်းနဲ့ပစ်တယ်။ ဂျက်နဲ့ပစ်တယ်။ ဒီနေ့ ညနေဘက်ကျတော့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတယ်။”
အခုလို စစ်တပ်က ထိုးစစ်စလာပြီး အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကို ပြန်လည် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့နောက်ထပ်စစ်ရေးသတင်းရင်းမြစ်ကလည်းပြောပါတယ်။
"ဆမ်လင်ရွာကို အင်အား ၁၀၀ ကျော်ဖြည့်တယ်၊ အဲဒီကတဆင့်လေလာတောင်ဘက်ကိုပို့တယ်။ သူတို့ ထိုးစစ်မစခင် လေကြောင်းက ဂျက်၊ ဒရုန်းပစ်ကူပေးတယ်။ AA ဘက်ကလည်း သူတို့ တက်လာမဲ့ လမ်းကို နေရာယူပြီးသားပါ။”
ဇွန် ၁၄ ရက်က ညောင်ခြေထောက်ဘက်က တဆင့် ဆမ်လင်ကျေးရွာသို့ စစ်တပ်က အင်အား ၁၀၀ ကျော် ပို့ဆောင်ပြီးနောက် လောလာတောင်ပတ်ဝန်းကျင်တွင်ရှိနေတဲ့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေနဲ့ပူး ပေါင်းကာ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေသို့ ဇွန် ၁၅ ရက်က ကလေကြောင်းပစ်ကူယူပြီး ထိုးစစ်ဆင်လာကာ ဇွန် ၁၆ ရက်ညမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။










