DVB Logo
Home
မြန်မာသတင်း

ရန်ကုန်နှင့် ဧရာဝတီတိုင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်စီးခ ဈေးအဆမတန်မြင့်တက်

DVB
·
November 21, 2026
Photo: CJ-  MN
Photo: CJ-  MN
Donate to DVB

ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေတဲ့ အဝေးပြေးမော်တော်ယာဉ်စီးခတွေ အဆမတန် ဈေးတက်လာတာကြောင့် ခရီးသည်တွေ အခက်အခဲကြုံနေရတယ်လို့ ဒေသခံခရီးသည်တွေဆီက သိရပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေရဲ့ ယာဉ်စီးခဟာ ပုံမှန်အားဖြင့် တယောက် တခုံကို ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိသာ ရှိပေမဲ့ နိုဝင်ဘာလ ဒုတိယအပတ် ကစပြီး ကျပ် ၁၇,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာတာလို့ ဆိုပါတယ်။

ခရီးသည်တယောက်က “မော်လမြိုင်ကျွန်း-ရန်ကုန် လမ်းကြောင်းက တခုံစာ ကျပ် ၁၀,၀၀၀ ပဲ ရှိတာပါ။ ဈေးတက်ရင်တောင် ၁၂,၀၀၀ လောက်ပေါ့။ အခုက ၁၇,၀၀၀ အထိ ဖြစ်သွားတယ်။ တန်ဆောင်တိုင် နေရပ်ပြန်တာ ကားစီးခက ခေါင်ခိုက်နေတယ်။ ဘာလို့ ရုတ်တရက် ကားခ ဈေးတက်တာလဲ မေးတော့ စက်သုံးဆီဈေးတက်လို့ပဲ ပြောတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရှိ ဒဂုံဧရာနဲ့ လှိုင်သာယာ အဝေးပြေးကားကွင်းတွေကနေ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်နဲ့ ဟင်္သာတစတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းအခြေစိုက် ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူတယောက်က “ဆီဈေးက သိတဲ့အတိုင်း အတက်အကျဖြစ်နေတာ။ ဆီဈေးကျလည်း လိုသလောက်မရဘူး။ ဒါတောင် လိုသလောက် ဝယ်လို့ မရဘူး။ လမ်းတွေမှာလည်း အရင်လို မြို့ဝင်ကြေး၊ လမ်းကြေးနဲ့တင် မပြီးဘူး။ ဂိတ်ကြေးတွေပါ တိုးလာတာ။ မနည်းအဆင်ပြေအောင် လုပ်နေရတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်ကစပြီး ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတဝန်းက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချ နေရတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။

စက်သုံးဆီအခက်အခဲကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းအကြား ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဟာ အခေါက်ရေလျှော့ချပြီး ပြေးဆွဲနေရသလို ရပ်နားထားရတဲ့ ယာဉ်လိုင်းတချို့လည်း ရှိလာတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်သမ္မတလက်ထက်မှာ စက်သုံးဆီ ဈေးနှုန်း တွေအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး မထိန်းချုပ်နိုင် တဲ့အတွက် ဒေသခံပြည်သူတွေဟာ အဘက်ဘက်က အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013