DVB Logo
Home
မြန်မာသတင်း
မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြသပေးရန် ကင်မ် တောင်းဆို
DVB
·
April 19, 2026
  မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြသပေးရန် ကင်မ် တောင်းဆို
Donate to DVB

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘာအချက်အလက်မှ မသိရှိသေးသလို နေအိမ်အကျယ်ချုပ် ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကလည်း အတည်မပြုနိုင်သေးကြောင်း သားဖြစ်သူ ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

မိခင်ဖြစ်သူ အသက်ရှင်နေသေးရင် အသက်ရှင်ကြောင်း ပြသပေးပါလို့ သားဖြစ်သူက ထုတ်ပြန်ချက်ရေးသား တောင်းဆိုလိုက်ပါတယ်။

"သားတယောက် အနေဖြင့် ရိုးရှင်းစွာ တောင်းဆိုချင်တာ မိခင် အသက်ရှင်နေသေးကြောင်း သိချင်သလို လွတ်မြောက်လာတာကို မြင်ချင်ပြီး တကယ့် ပြောင်းလဲမှုကို တောင်းဆိုလိုက်ပါတယ်။"

မြန်မာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးမှုတွေနဲ့ ပတ်သက်လို့ အဲဒီလုပ်ရပ်တွေဟာ တကယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲ နိုင်ငံတကာဖိအားလျှော့ချဖို့ ရည်ရွယ်တဲ့ နည်းဗျူဟာတခုသာဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ကိုထိန်လင်းက “ဒါဟာ ပြုပြင်ပြောင်းလဲမှု မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်း အခြေအနေ မပြောင်းလဲဘဲ တရားဝင်မှုရရှိဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုသာ ဖြစ်ပါတယ်။ ရွေးကောက်ခံ ခေါင်းဆောင်တွေ အပါအဝင် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ထိန်းသိမ်းခံထားရချိန် လူအနည်းငယ်ကိုသာ လွှတ်ပေးခြင်းဟာ ကမ္ဘာကို လှည့်စားရန် ကြိုးပမ်းမှုတခု ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ သူ့အမြင်ကို ရေးသားထားပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေမှာ မပြောင်းလဲသေးပါ။ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ထောင်ထဲမှာ ဆက်လက် ကျန်ရှိနေပြီး အများပြည်သူတွေလည်း ဒုက္ခတွေကို ဆက်လက်ခံစားနေကြရဆဲဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အနည်းငယ် လွတ်မြောက်လာမှုအပေါ် တိုးတက်မှုအဖြစ်  မမှားယွင်းသင့်ဘူး၊ တာဝန်ခံမှုမရှိသော ဆက်ဆံရေးတွေဟာ ဆက်လက်ဖိနှိပ်မှုကို တရားဝင်သလို ဖြစ်စေနိုင်ပါတယ်" လို့ ကိုထိန်လင်းက ထောက်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို အကန့်အသတ်မရှိ လွှတ်ပေးဖို့၊ ထိန်းသိမ်းခံထားရသူတွေနဲ့ ပတ်သက်ပြီး အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်နေသေးတယ်လို့လည်း ရေးသားထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး  စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။ ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး စစ်ကောင်စီက အချိန် ၃ နှစ်ကျော်လာတဲ့အထိ သတင်းအမှောင်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013