DVB Logo
Home
မြန်မာသတင်း
DEMU ရထားလက်မှတ် ဝယ်ရာတွင် ပြည်သူများ အခက်ကြုံ 
DVB
·
October 19, 2026
Photo: မြန်မာ့မီးရထား
Photo: မြန်မာ့မီးရထား
Donate to DVB

မြန်မာပြည်တွင်း ပြေးဆွဲနေတဲ့ DEMU ရထားလက်မှတ်ကို လူမှုကွန်ရက်ကနေ ORTP စနစ်နဲ့ ရောင်းချရာမှာ နည်းပညာ၊ အင်တာနက် အခက်အခဲနဲ့ မှောင်ခိုရောင်းချမှုတွေကြောင့် ဝယ်ယူသူတွေ အခက်အခဲတွေ့နေကြတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

ပြည်တွင်းမှာ အင်တာနက်ကောင်းမွန်ခြင်းမရှိတာအပြင် နည်းပညာအခက်အခဲကြောင့် ရထားလက်မှတ် ဝယ်ယူရာမှာ ငွေဆုံးရှုံးသူတွေရှိတဲ့အပြင် လက်မှတ်မရသူတွေလည်း ရှိတယ်လို့ ရထားနဲ့ ခရီးသွားနေသူတယောက်က ပြောပါတယ်။

“ဘူတာမှာ တန်းစီစနစ်နဲ့ ဝယ်ခိုင်းလို့ ရတဲ့ကိစ္စကို အွန်လိုင်းက ဝယ်ခိုင်းတော့ အင်တာနက်က မကောင်း ORTP ဝက်ဘ်ဆိုက်ထဲဝင်ရင် အဝိုင်းကလည်  System က Error ပြ၊  ပြဿနာတွေက အများကြီးပဲ။ သူများနိုင်ငံကို အားကျပြီး လုပ်လို့မရဘူး။ ကိုယ့်နိုင်ငံမှာ တချို့ဆို ဖုန်းဘေတောင် မဖြည့်တတ်ဘူး။ အဲဒီလိုလူတွေဆို ပိုပြီးဒုက္ခရောက်တာပေါ့။”

ဒီလိုဒုက္ခတွေအပြင် နည်းပညာအကြောင်းပြပြီး လက်မှတ်ကို မှောင်ခိုရောင်းစားနေတဲ့ ဝန်ထမ်းတွေကြောင့်လည်း လက်မှတ်ဝယ်မရတာတွေ ရှိတယ်လို့ နောက်ထပ် သတင်းအရင်းအမြစ်တယောက်က  DVB ကိုပြောပါတယ်။

“ORTP စနစ်နဲ့ လက်မှတ်ကို ကြိုဝယ်ရတဲ့နေရာမှာ ခုံကလွတ်နေတယ်လို့  System ကပြပေမဲ့ လုံးဝဝယ်လို့မရဘူး။ တချို့နေရာကောင်းတွေ ဝယ်လို့ကိုမရတာ။ မီးရထားဘက်က နည်းပညာကို လွှဲချပေမဲ့ အဲဒီခုံနေရာကို ဝန်ထမ်းတွေကယူပြီး မှောင်ခိုဈေးနဲ့ပြန်ရောင်းနေတာ။”

လေအေးပေးစက်ပါတဲ့ DEMU အမြန်ရထားတွေကို အာဏာရှင်စစ်တပ်က မေ ၁ ရက်မှာ စတင်ပြေးဆွဲခဲ့ပြီး လက်မှတ်တွေကို အွန်လိုင်းကနေ ORTP စနစ်နဲ့ ရောင်းချခဲ့တာပါ။

Online Railways Ticketing and Payment လို့ ခေါ်တဲ့ ORTP စနစ်နဲ့ ရောင်းချပေးရာမှာ နည်းပညာချို့ယွင်းပြီး ငွေကြေးဆုံးရှုံးမှုတွေကြောင့် ဧပြီ ၅ ရက်မှာ ORTP info by မြန့်မာ့မီးရထား Page က ခရီးသွားလာသူတွေကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013