DVB Logo
Home
မြန်မာသတင်း
အမြန်ရထားပေါ် အော်ဟစ်ဆူညံခဲ့သည့် ဒေါ်မြသန်းပါ ၅၄ ဦးကိုအမှုဖွင့်
DVB
·
July 27, 2026
Photo: Than Aung
Photo: Than Aung
Donate to DVB

မော်လမြိုင်ကနေ ရန်ကုန်ကို သွားတဲ့ DEMU အမြန်ရထားပေါ်မှာ စည်ကမ်းမဲ့စွာ ပြုမူနေထိုင်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန် လူပြောများခဲ့တဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန်း အပါအဝင် ၅၄ ယောက်ကို ဇူလိုင် ၂၆ ရက်က ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၈ နဲ့ အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် နေ့လယ် ၁၂ နာရီက မော်လမြိုင်ကနေ ရန်ကုန်ကို ထွက်ခွာမဲ့ အမှတ် ၈၄ အစုန် DEMU အမြန်ရထားပေါ်မှာ ဒေါ်မြသန်း အပါအဝင် ၅၄ ယောက်ဟာ ရထားလျှောက်လမ်း ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်တာ၊ Tik Tok ရိုက်ကူးတာ၊ ရထားလက်ရန်းခုံပေါ်မှာ ထိုင်တာနဲ့ ဆူညံစွာ အော်ဟစ်သီချင်းဆိုတာတွေကြောင့် အရေးယူရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တယောက်က DVB ကို ပြောပါတယ်။

“ရထားပေါ်မှာ ကွမ်းတံတွေးထွေးတာ အရက်သောက်တာကျ ဖမ်းတယ်၊ စစ်ဆေးတယ်၊ ထောင်ချတယ်၊ မော်လမြိုင်ရထားပေါ်က ဒေါ်မြသန်းအဖွဲ့ကို အရေးမယူဘူးလားဆိုပြီး လိုင်းပေါ်မှာ ပြန့်နေတာရယ်၊ သမ္မတရုံးအထိပါ တိုင်တဲ့သူတွေရှိလို့ မော်လမြိုင်ဘူတာရုံပိုင်ကိုယ်တိုင် အမှုဖွင့်တာပါ။”

ဇွန် ၂၆ ရက် ညနေ ၅ နာရီမှာ မော်လမြိုင်ဘူတာရုံပိုင် ဦးစိုးသန်းက ဒေါ်မြသန်း အပါအဝင် အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၁ ယောက်၊ စုစုပေါင်း ၅၄ ယောက်ကို မော်လမြိုင်မြို့မရဲစခန်းက (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးပုဒ်မ ၈၈(က) အမှုဖွင့်ခဲ့တာလို့ သူက ပြောပါတယ်။

ဇူလိုင် ၂၄ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် DEMU ရထားပေါ်မှာ ကွမ်းတံတွေးထွေးလို့ ဖမ်းဆီးပြီး ပုဒ်မ ၈၈ နဲ့ အမှုဖွင့်ထားတဲ့ မခင်မာလွင်၊ မဖြူဖြူလွင်၊ မသန်းသန်းထွေး၊ ဒေါ်ခင်သန္တာအောင်တို့ ၄ ယောက်ကို ပျဥ်းမနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လ အမိန့်ချခဲ့ပါတယ်။

အလားတူ ဇူလိုင် ၂၀ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားပေါ်မှာ အရက်သောက်ခဲ့တဲ့ မတ္တရာမြို့နယ်နေ ဦးကံကောင်း၊ ဦးဇော်လင်းနဲ့ တံတားဦးမြို့နယ်နေ ဦးဉာဏ်ပိုတို့ကို ရမည်းသင်းမြို့နယ် ရဲစခန်းက (ပ) ၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013