DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ဂျပန်များအား ပစ်မှတ်ထားလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းဖမ်းမိ
DVB
·
September 17, 2026
Photo: Today
Photo: Today
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ဘွမ်နယ်မြေထဲမှာ ခန့်ငြားထယ်ဝါတဲ့ အိမ်ကြီးထဲ ဈေးကြီးပေးပြီး  ဂျပန်တွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ဒီမတိုင်ခင်က ဘန်ဘွမ်နယ်မြေ ဘန်ဘွမ်နိုရပ်ကွက် ဧကချိုင်း ၁၁၂ လမ်းကြားရှိ ခန့်ညားထည်ဝါတဲ့ အိမ်ကြီးအိမ်ကောင်းတလုံးမှာ နိုင်ငံခြားသားတွေ အဝင်အထွက်များနေတာကို မသင်္ကာဖွယ် တွေ့ရှိကြောင်း ရပ်ကွက်နေပြည်သူတွေက သတင်းပေးတာကြောင့် တရားရုံးက ဝရမ်းစာနဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းလဝက ဒုညွှန်မှူး ရဲမှူးချုပ် ဖန်းထန နွတ်ချနာ့တ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါနေအိမ်မှာ ထိုင်းနိုင်ငံသားတယောက်သာ ပါရှိတဲ့ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ မြန်မာ စတဲ့ နိုင်ငံခြားသားတွေ စုပြီး အွန်လိုင်းပေါ်ကနေ ငွေလိမ်တဲ့အလုပ် လုပ်နေကြတယ်၊ အဲဒီကနေ ကျားဖြန့်ဂိုဏ်းဝင် ၁၅ ယောက်ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဆင်းမ်ကတ်၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်၊ ဒါ့အပြင် အိုက်စ် မူးယစ်ဆေးနဲ့ မူးယစ်ဆေးသုံးစွဲ ကိရိယာတချို့ပါ ဖမ်းမိတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ ထိုင်းနိုင်ငံကို အခြေပြုပြီး ဂျပန်နိုင်ငံက လူတွေကို ပစ်မှတ်ထား လိမ်လည်နေတာ ဖြစ်တယ်၊ အိမ်ကြီးထဲမှာ ဂျပန်လို လိမ်လည်ပြောဆိုရမဲ့ စာမူတွေ၊ ဂျပန်ရဲစခန်းလို ဖန်တီးထားတဲ့ အခန်းနဲ့ ဂျပန်ရဲယူနီဖောင်းဝတ်စုံတွေ၊ ဂျပန်ရဲတပ်ဖွဲ့တံဆိပ်တွေ တွေ့ရတယ်၊ လိမ်လည်နည်းမှာ ဂျပန်သားကောင်တွေကို သူတို့အမည်နဲ့ ဥပဒေနဲ့ ငြိစွန်းတဲ့ ပါဆယ်ထုပ် ရောက်နေတယ်၊ အစစ်ဆေးခံဖို့၊ ပြဿနာမဖြစ်ချင်ရင် ငွေလွှဲပေးဖို့၊ ဘဏ်ငွေစာရင်းမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်လို့ ရဲက စစ်ဆေးဖို့ ငွေတွေ အပ်ထားဖို့ စသဖြင့် ထိုင်းပြည်သူတွေ အလိမ်ခံရတဲ့ ပုံစံအတိုင်း လိမ်လည်တယ်လို့ ဆိုပါတယ်။

ဂိုဏ်းခေါင်းဆောင်မှာ တရုတ်နိုင်ငံသားတယောက် ဖြစ်ပြီး အဆိုပါအိမ်ကြီးကို သူကပဲ အမည်ခံ (နိုမီနီ) နဲ့ တလကို ဘတ် ၉၀၀,၀၀၀ နဲ့ တနှစ်ကျော်စာ ငှားရမ်းပေးထားတယ်၊ သူကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး ထိုင်းနိုင်ငံထဲမှာပဲ ရှိနေတယ်လို့ ယူဆတယ်၊ ဒါကြောင့် နယ်စပ် လမ်းကြောင်းကနေ ပြည်ပကို ထွက်မပြေးနိုင်အောင် စောင့်ကြပ်စစ်ဆေးနေတယ်လို့ လဝက ရဲမှူးချုပ်က ပြောသွားပါတယ်။

Source: Thairath News / Thai Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013