
ဂြိုဟ်တုပုံရိပ်တွေအရ တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင်ဟာ သြဂုတ် ၆ ရက်မှာ ဖိလစ်ပိုင်ပင်လယ်ထဲ အနောက်ဘက်ဆီ ဆက်လက်ရွေ့လျားနေမယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီ (JMA) က ခန့်မှန်းထားပါတယ်။
သြဂုတ် ၆ ရက် မနက် ၁ နာရီမှာ မုန်တိုင်းက ဂျပန်နိုင်ငံ အိုကီနာဝါ စီရင်စုဆီ အနောက်ဘက်ကို (တနာရီ ၁၂ ဒသမ ၄ မိုင်) နှုန်းနဲ့ ရွေ့လျားနေတယ်လို့ JMA က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ တိုင်ဖွန်းအမှတ် ၁၃ အဖြစ် လူသိများတဲ့ ဒေါ်လ်ဖင် မုန်တိုင်းဟာ သြဂုတ် ၇ ရက်နဲ့ ၈ ရက်တို့မှာ နိုင်ငံရဲ့ အနောက်တောင်ဘက်ဆီ တိုက်ခတ်မယ်လို့ မျှော်လင့်ထားပါတယ်။
ဂျပန်လေကြောင်းလိုင်းနဲ့ All Nippon Airways အပါအဝင် လေကြောင်းလိုင်းတွေဟာ သောကြာနဲ့ စနေနေ့တွေမှာ အိုကီနာဝါနဲ့ တောင်ပိုင်း အာမမိ ကျွန်းတွေဆီ သွားတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
Source: Reuters










