
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ နိုဝင်ဘာ ၈ ရက်မှာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘာစတာခရိုင်မှာ စစ်သည်တွေနဲ့အတူ မီးထွန်းပွဲတော်ဖြစ်တဲ့ ဒီပါဝလီပွဲတော်ကို ဆင်နွှဲခဲ့ပါတယ်။
နိုင်ငံတဝန်း တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပွဲတော်တွေကို ဆင်နွှဲလေ့ရှိတဲ့ ဓလေ့ထုံးစံအတိုင်း အခုတကြိမ်ကိုလည်း ဆင်နွှဲတာ ဖြစ်ပါတယ်။
မိုဒီဟာ စစ်သည်တွေနဲ့အတူ မုန့်ချိုတွေကို ဝေမျှစားသုံးခဲ့ပြီး နိုင်ငံအထဲက လက်ဝဲစွန်း မော်ဝါဒီသူပုန်တွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့တဲ့ ရဲစွမ်းသတ္တိအတွက် ချီးကျူးခဲ့ပါတယ်။
နိုင်ငံရဲ့ ခရိုင်တိုင်းမှာ လက်ဝဲစွန်း မော်ဝါဒီသူပုန် ကင်းစင်တဲ့ ပထမဆုံး ဒီပါဝလီပွဲတော်ပါ။ ဒါဟာ တိုင်းသူပြည်သား သန်းပေါင်းများစွာက လက်ဝဲစွန်း မော်ဝါဒီတွေကို ကြောက်ရွံ့မှုအပေါ် ကျော်လွှားနိုင်ခဲ့တဲ့ ပထမဆုံး ဒီပါဝလီပွဲတော် ဖြစ်တယ်လို့ မိုဒီက ပြောပါတယ်။
နိုင်ငံအလယ်ပိုင်း ချတ္တိစ်ဂါးပြည်နယ်က Cobra စစ်ဆင်ရေးစခန်းမှာရှိတဲ့ အောက်မေ့ဖွယ်နေရာ တခုမှာ မိုဒီက ပန်းခွေချရင်း ဂါရဝပြုခဲ့ပါတယ်။
Source: Reuters











